United XYZ အဖွဲ့မှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရကို လုံခြုံစိတ်ချစွာ လှူဒါန်းနိ…


United XYZ အဖွဲ့မှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရကို လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပြီဆိုတဲ့ သတင်း
တိုက်ကြီး ၊ အမှတ် ၁၄ စစ်မြေပြင်ဆေးတပ်ရင်းက ပထမတန်းခွဲစိပ် ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် အမှုထမ်းခြင်းကို စွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင့်ခိုလှုံလာတဲ့ သတင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၁) ကို ထုတ်ပြန်ပြီး စစ်အာဏာရှင်အလိုတော်ရိ ဝန်ထမ်းဆယ်ဦးကို အလုပ်မှထုတ်ပယ်လိုက်တဲ့ သတင်း တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV

Like – 7.9K Share – 717

Public Voice Television Facebook

Add your reaction

  1. ဗိုလ်ကြီး​မင်း​မောင်​မောင်​ရေပြည်သူ​တွေကို​နောက်​ကျောဓါးနဲ့ထိုးတာမျိုးမလုပ်ပါနဲ့​နော်ယုံကြည်ရပါ​စေ

  2. ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ PDF မဟုတ်တဲ့ အရပ်သားများကိုပါ ဦးခေါင်းတည့်တည့်ချိန်ရွယ်၍ ပစ်သတ်၊ စုစုပေါင်း အလောင်း (၄၀) နီးပါးရှိ
    *************************

    ၄ ၊ ၇ ၊ ၂၀၂၁ ။

    စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်နှင့် ဒီပဲယင်း- PDF တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ PDF မဟုတ်တဲ့ အရပ်သားများကိုပါ ဦးခေါင်းတည့်တည့်ချိန်ရွယ်၍ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက NBung Dat Kasa – Kachin Multimedia သို့ ပြောသည်။

    ဇူလိုင်လ (၂) ရက် နံနက် (၈) နာရီခွဲအချိန်ခန့် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာ အရှေ့ဘက်တွင် အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်နှင့် ဒီပဲယင်း-PDF တို့ တိုက်ပွဲဖြစ်ပွားပြီး ဒီပဲယင်း-PDF မှ ဆုတ်ခွာလာစဉ် PDF တပ်ဖွဲ့ဝင်များသာမက ဒေသခံပြည်သူများကိုပါ အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်များက ပစ်သတ်သွားခြင်းဖြစ်ပြီး စုစုပေါင်း အလောင်း (၄၀) နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

    #NBungDatKasa
    #nbung_dat_kasa
    #WhatsHappenInMyanmar

  3. ဆရာမင်းမောင်မောင်လို နောက်ထပ် များများထွက်ပေါ်လာပါစေလို့ ဘုရားမှဆုတောင်ရမည် တပ်ထဲမှာသတင်းအမှောင်ချခံနေကြရသူများ အများအပြားရှိတယ် ပြည်သူကိုယုံကြည်စွာနဲ့ အားကိုးပြီးထွက်ခဲ့ကြပါလ်ု့

  4. ပြည်သူကိုကောင်းကောင်းမကာကွယ်နိင်ရင် ပြည်သူလည်းလိုလားမာမဟုဘူး ပြည်သူတွေကောငါးကောင်းကာကွာ်နိင်ရင်တော့ ပြည်သူ့အတွက်က မင်ခေါင်းဆောင်ရပါမည်

  5. ကျေးဇူးပါ။အားလုံးကျန်းမာဘေးကင်းလုံခြုံကြပါစေ။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.