UNITED KINGDOM နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ် ဝယ်ယူနိုင်မယ့် ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်
မတ် ၁၈ ၊ ၂၀၂၂
UNITED KINGDOM နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်တွေ ဝယ်ယူနိုင်မယ့် ကိုယ်စားလှယ် စာရင်းကို စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန၊ အခွန်များဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံအလိုက် ငွေတိုက်စာချုပ်ဝယ်ယူနိုင်မယ့် ကိုယ်စားလှယ်တွေကို ထုတ်ပြန်လျက်ရှိရမှာ ဒီတစ်ခါမှာတော့ UNITED KINGDOM နိုင်ငံက ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ပေးလိုက်တာပါ။
UNITED KINGDOM နိုင်ငံမှာ ဆက်သွယ်ဝယ်ယူနိုင်တဲ့ ကိုယ်စားလှယ်တွေက
(1) AU001 George
Email: [email protected]
+447307535743 (Signal/WhatsApp/Telegram)
(2) AU005 Friends to Friends UK
Email: [email protected]
https://www.facebook.com/Friends-to-Friends-UK-104187915181751
+447590649469
(3) AU006 KYI KYI NYUNT for UK, US, Japan, and Macao
Email: [email protected]
Facebook , whatapp , signals , Viber ,Telegram
(4) Z013 GenY for Revolution
https://www.facebook.com/y4revolution
ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါအပြင် UNITED KINGDOM နိုင်ငံအတွင်းမှာ NUG Bond ဝယ်ယူပုံ ဝယ်ယူနည်းတွေကို အထက်ပါ ကိုယ်စားလှယ်ထံသို့ ဆက်သွယ်စုံစမ်းပြီး ဝယ်ယူနိုင်သလို https://www.unitedbonds-nug.org/ လင့် (link) မှာ ဝင်ရောက်ကြည့်ပြီးတော့ဖြစ်စေ Chatbox မှာ ဝင်ရောက်မေးမြန်းပြီးတော့ဖြစ်စေ စုံစမ်းဝယ်ယူနိုင်ပါတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
လက်ရှိဖော်ပြထားတာက ကြေညာရန်သဘောတူထားတဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ်ဖြစ်ပြီးတော့ လုံခြုံရေး အရ social media မှာကြေညာရန် အခက်အခဲရှိတဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ်တွေလည်း အများကြီး ရှိသေးတယ်လို့ ဆိုထားပါတယ်။
အထက်ပါစာရင်းမှာ မပါဝင်ပေမယ့် မိမိတို့ကိုယ်တိုင် စိတ်ချယုံကြည်ရတဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ် တွေထံကလည်း ချိတ်ဆက်ဝယ်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ လက်ရှိအချိန်အထိ ရောက်ရှိခဲ့တဲ့ တော်လှန်ရေးခရီးရဲ့ အဓိက မောင်းနှင်အားဟာ ပြည်သူတွေသာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ တော်လှန်ရေးတစ်ရက်ပိုကြာတိုင်း အချိန်နဲ့အမျှ ပိုမိုထိခိုက်သေကြေပျက်စီးရတဲ့ မိမိတို့လို ပြည်သူတွေ အများကြီးရှိနေတာကိုလည်း နေ့စဉ်နဲ့အမျှ ရင်နင့်ဖွယ် မြင်တွေ့သိရှိနေရတယ်ဆိုတာနဲ့ ပြည်သူများအချင်းချင်း ကာကွယ်စောင့်ရှောက်ဖို့၊ ကလေးငယ်ပေါင်းများစွာ လူငယ်သားကောင်းများစွာ မိဘဘိုးဘွားပေါင်းများစွာရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ဖို့အတွက် ငွေတိုက်စာ ချုပ်တွေ ဝယ်ကြဖို့အတွက် တိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။