TotalEnergies နဲ့ Chevron တို့ နှုတ်ထွက်သွားတဲ့အပေါ် ဒီမိုကရေစီ ပြန်လည်ရရှိဖို့ လှုပ်ရှားမှုအတွက် ထူးခြားတဲ့ တိုးတက်မှုတစ်ခု လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) က ကြေညာချက်ထုတ်
ဇန်နဝါရီ ၂၃ ၊ ၂၀၂၂
TotalEnergies နဲ့ Chevron တို့က မြန်မာပြည်ကလုပ်ငန်းတွေကနေ နှုတ်ထွက်သွားတဲ့အပေါ်မှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ လှုပ်ရှား မှုအတွက် ထူးခြားတဲ့ တိုးတက်မှုတစ်ခုလို့ မှတ်ယူပြီးတော့ ကုမ္ပဏီနှစ်ခုလုံးအနေနဲ့ တာဝန်ရှိစွာနဲ့ ထွက်ခွာသွားဖို့ အထူးလိုအပ် တယ်ဆိုပြီးတော့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကုမ္ပဏီနှစ်ခုရဲ့ ထုတ်ပြန်ကြေညာချက်တွေက စီးပွားရေးကဏ္ဍမှာ အဓိကကျတဲ့ခံယူချက်တွေ၊ သဘောထားပြောင်းလဲမှုတွေကို ဖော်ပြနေပါတယ်။ အခုဆိုရင် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတွေက အရင်လို ဆင်ခြင်ပေးစရာအကြောင်းပြ ချက် မရှိတော့လို့ မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်း(MOGE)နဲ့ ရေနံနဲ့သဘောဝဓာတ်ငွေ့က ရတဲ့ အကျိုးအမြတ်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ကို အဲဒီအစိုးရအဖွဲ့တွေက ချမှတ်ပေးဖို့ပဲ ကျန်တော့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေး (GMSR) နဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) အင်အားစုက သုံးသပ်ထား ပါတယ်။
သဘာဝဓာတ်ငွေက အကျိုးအမြတ်တွေက MOGE ကတဆင့် အကြမ်းဖက်စစ်အုပ်စုထံကို စီးဆင်းနေတာဖြစ်ပြီးတော့ ၂၀၂၁-၂၀၂၂ အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၁ဒသမ၅ ဘီလီယံအထိ ရရှိထားနိုင်တယ်လို့လည်း ခန့်မှန်းသုံးသပ်ထားကြပါတယ်။
အဲဒီကရလာတဲ့ငွေတွေကနေ နည်းပညာအဆင့်မြင့်တဲ့ လက်နက်ကြီးတွေ၊ ထောက်လှမ်းရေးသုံးပစ္စည်းတွေ ဝယ်ယူပြီးတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မဝါဒဖြန့်ချီရေးတွေမှာလည်း အသုံးပြုနေပါတယ်။ အဲဒါတွေကမှတဆင့် မြန်မာပြည်သူလူထုကို ကြမ်းကြုတ်ရက်စက်တဲ့ အကြမ်းဖက်စစ်ပွဲတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ကိုလည်း မြန်မာနိုင်ငံပိုင် စီးပွားရေးလုပ်ငန်း MOEG နဲ့ သဘာဝဓာတ်ငွေ့ က ငွေကြေးအကျိုးအမြတ်တွေကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့နဲ့ အကြမ်းဖက်အာဏာသိမ်း မြန်မာစစ်အုပ်စုထံကို ငွေကြေးစီးဆင်းတာတွေကို ဖြတ်တောက်ဖို့အတွက်လည်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေး (GMSR) နဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) အင်အားစုက တောင်းဆိုထားတာလည်း တွေ့ရပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။