Tha Din ဖတ်ရင်း NUG Bonds ရယူနိုင်မယ့်အခွင့်အရေး

Tha Din ဖတ်ရင်း NUG Bonds ရယူနိုင်မယ့်အခွင့်အရေး
ဇူလိုင် ၆ ၊ ၂၀၂၂

Tha Din အပ်ပလီကေးရှင်းကိုမှာ သတင်းတွေ ဖတ်ရင်း NUG Bonds ရယူနိုင်မယ့် အခွင့်အရေးကို Tha Din အပ်ပလီကေး ရှင်းက ပြုလုပ်နေပါပြီ။

Tha Din အပ်ပလီကေးရှင်း အသုံးပြုသူတွေအနေနဲ့ ထွေထွေထူးထူးလုပ်စရာမလိုဘဲ နေ့စဉ် ပွိုင့် ၃၀ နဲ့အထက်ကို တစ်လ မှာ ရက် ၂၀ နဲ့အထက် သုံးရင်ကို ရတယ်လို့ ဆိုထားပါတယ်။ အဲဒီလိုအသုံးပြုတဲ့စာရင်းကို system ထဲကနေ သေသေ ချာချာစီစစ်ပြီး မဲစာရင်းထည့်တယ်ဆိုပြီးတော့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီလို ပြုလုပ်ပေးတဲ့သူတွေကို လစဉ် ၅ ရက်နေ့မှာ အမှတ်တရလက်ဆောင်အဖြစ်နဲ့ NUG Bonds ကို ၁၀ ယောက်အထိ ပေးသွားမှာဖြစ်ပါတယ်။

အခုလုပ်ပေးတဲ့အစီအစဉ်က တော်လှန်ရေးအတွက် တက်အားသရွေ့ကြိုးပမ်းနေတဲ့သူတွေအတွက် အမှတ်တရလက် ဆောင်အနေနဲ့ စီစဉ်တာဖြစ်တဲ့အတွက်ကြောင့် ကံထူး၊ မထူးဆိုတာထက် အဓိကဖြစ်တဲ့ တော်လှန်ရေး ရည်မှန်းချက် အောင်မြင်ဖို့အတွက် ရည်ရွယ်ပြီး ပါဝင်ပေးကြဖို့ Tha Din က မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့လက လက်ဆောင်ရရှိတဲ့သူတွေစာရင်းကို https://www.facebook.com/107909878298892/posts/173268488429697/?d=n မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး အ မည်စာရင်းပါတယ်ဆိုရင် ပေ့ချ်ရဲ့ မက်ဆင်ဂျာကနေ ဆက်သွယ်ပေးဖို့ ပြောထားပါတယ်။

Android နောက်ဆုံး version 3.2.0 ကို update လုပ်ထားရင် နောက်ဆုံး၇ရက်မှာပွိုင့် ၃၀ အထက် ယူထားတယ်ဆို Badge မှာ ဘွန်းပုံလေး ပေါ်ပါတယ်လို့ ဆိုထားပါတယ်။
Tha Din အပ်ပလီကေးရှင်းကို ဒေါင်းလုပ်ရယူမယ်ဆိုရင်
🍎iOS
www.tinyurl.com/thadinios
📱Android
www.tinyurl.com/thadin
📲Direct Link https://thadinn.com/apk/thadin-v3.2.0.apk
မှာ ရယူနိုင်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.