Spring Yangon စီမံကိန်းကနေ မြေကွက်ရောင်းချမှုက ၉၉ ရာခိုင်နှုန်းအထိ ရှိထားပြီးတော့ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ဖိုး ရောင်းချထား

Spring Yangon စီမံကိန်းကနေ မြေကွက်ရောင်းချမှုက ၉၉ ရာခိုင်နှုန်းအထိ ရှိထားပြီးတော့ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ဖိုး ရောင်းချထား
အောက်တိုဘာ ၆ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ Spring Yangon စီမံကိန်းကနေ မြေကွက်ရောင်းချမှုက ၉၉ ရာခိုင်နှုန်းအထိ ရှိထားပြီးတော့ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ဖိုး ရောင်းချထား နိုင်တယ်လို့ The End of Dictatorship က ထုတ်ပြန်လိုက်ပါတယ်။

“နွေဦးတော်လှန်ရေး အောင်ပွဲအပေါ် လူထုရဲ့ ယုံကြည်မှု အညွှန်းကိန်း တစ်ခုလို့ ဆိုရင်တောင်ရမယ့် ကျွန်တော်တို့ရဲ့ Spring Investment စီမံကိန်းများဟာ ရန်ကုန်မှာ အင်မတန် တာထွက်ကောင်းခဲ့တာ အားလုံးသိကြမှာပါ။ ဘယ်လောက်ထိတောင်လဲ ဆိုရင် နွေဦးမော်ကွန်းသစ်@Thanthumar (Spring Glory 1 & 2) မြေကွက်ပေါင်း ၆၅၀ ဟာ ရက်ပိုင်းအတွင်း အကုန်ရောင်း ချခဲ့ရပြီး လိုချင်ပါရက်နဲ့ မရလိုက်သူ အတော်များများ ရှိနေတာ feedback များအရ သိရပါတယ်။ ရာနှုန်းပြည့် အောင်မြင်ခြင်းပါ။ နွေဦးရိပ်မွန်@Mindhama (Spring Villa) မြေကွက်များ ဆိုရင်လည်း အကွက် ၁၀၀ ဖော်ဆောင်ရာမှာ ၉၃ ရာခိုင်နှုန်းအထိ ရောင်းချ အောင်မြင်ပြီး ဖြစ်ပါတယ်။” လို့ The End of Dictatorship က ရေးသားခဲ့ပါတယ်။

The End of Dictatorship အနေနဲ့ အမှာစာတွေကို ပြန်လည်စိစစ်ပြီးတဲ့အခါမှာ Spring Villa မြေကွက် ၇ ကွက် ထွက်ပေါ်လာတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်း အနည်းငယ်ကျန်သေးတယ်လို့ ဆိုပါတယ်။

ဒါအပြင် Spring Mandalay Investment စီမံကိန်းကလည်း ၇၂ နာရီအတွင်း ဒေါ်လာ ၁၀ သန်းကျော်ဖိုး ရောင်းချပေးထားနိုင်ခဲ့ ပြီလို့လည်း The End of Dictatorship က သတင်းထုတ်ပြန်ထားပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကနေပြီးတော့ Spring Yangon Investment ကို စတင်အကောင်အထည်ဖော် ရောင်းချခဲ့ပြီးနောက် ပြည်သူတွေရဲ့ တောင်းဆိုချက်အရ Spring Mandalay Investment ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ကာ မြေကွက်တွေကို ရောင်းချနေတာလည်းဖြစ်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.