“Silent strike အတွက် ကနီမှ ဂုဏ်ပြုလက်ဆောင်”
ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး ကကျေးရွာတစ်ရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့သင်္ဘောတစ်စီးကို မီးလောင်ပျက်စီးသွားအောင် ထိထိမိမိတိုက်ခိုက်လိုက်ပါတယ် ။ တိုက်ခိုက်ခံလိုက်ရတဲ့သင်္ဘောဟာမီးလောင်ပြီးကမ်းကိုကပ်ဖို့ကြိုးစားနေတာကို ရုပ်သံဖိုင်မှာတွေ့ရပါတယ်။
ဒီကနေ့ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြောင်း၊အလိုမရှိကြောင်းပြည်သူတွေက ငြိမ်သက်ခြင်းသပိတ်ဆင်နွှဲနေချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလဲ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ ကနီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်သင်္ဘောကိုမီးလောင်ပျက်စီးအောင်တိုက်ခိုက်မှုက Silent strike မှာ ပူးပေါင်းပါဝင်ကြသူပြည်သူအားလုံးအတွက် ဂုဏ်ပြုလက်ဆောင်လည်းဖြစ်ပါတယ်။
#SpringRevolution