Reds Support REV ဒုတိယအကြိမ် လှူလဲလှူရင်း ကံလည်းစမ်းရင်း အစီအစဉ်ထပ်လာပါပြီ

Reds Support REV ဒုတိယအကြိမ် လှူလဲလှူရင်း ကံလည်းစမ်းရင်း အစီအစဉ်ထပ်လာပါပြီ
ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၂

တော်လှန်ရေးအတွက် ထောက်ပံ့ဖို့ရည်ရွယ်လုပ်ဆောင်နေတဲ့ Reds Support REV ရဲ့ ဒုတိယအကြိမ်မြောက် လှူလဲလှူရင်း ကံလည်းစမ်းရင်းအစီအစဥ်လေးကို ဒုတိယအကြိမ်မြောက်လာပါပြီ။

Reds Support REV ရဲ့ ဒုတိယအကြိမ် Fundraising အစီအစဉ်မှာ နီလာနဲ့စိန်အရော လက်စွပ်အသစ် ချွတ် ချွတ်ကို မဲဖောက်ဖို့စီစဉ်ထားပါတယ်။

လက်စွပ်ရဲ့အသေးစိတ်အချက်အလက်တွေကတော့ နီလာ – ၁၄ပွင့် (0.46 carat) ၊ စိန်- ၂၆ပွင့် (0.65 carat) ရွှေချိန် – 2.18ဂရမ် (18K White Gold)၊ ကာလပေါက်ဈေး – SGD 990 တန်ဖိုးရှိတဲ့ လက်စွပ်ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ NUG အတွက် လိုအပ်သလိုထောက်ပံ့နိုင်ဖို့ ဒီလက်စွပ်လေးကို ပထမ ကံစမ်းမဲမှာကျန်သော ၁၀ ရာခိုင်နှုန်းလက်ကျန်ငွေနဲ့ အခြားအလှူရှင်များလှူဒါန်းထားတဲ့ငွေတွေနဲ့ မတည်ဝယ် ယူထားတာလို့ ဆိုပါတယ်။

မဲအစီအစဉ်ကိုတော့ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်က စတင်မှာဖြစ်ပြီးတော့ ဒီတစ်ကြိမ်မှာတော့ တစ်မဲကို စင်ကာပူဒေါ်လာ ၃၀ နဲ့သာရောင်းချ ကံစမ်းခွင့်ပေးသွားမှာဖြစ်ပါတယ်။

တစ်ယောက်ကို မဲအရေအတွက် ကန့်သတ်ချက်မရှိ ဝယ်ယူ လှူဒါန်း ကံစမ်းနိုင်ပါတယ်။ ယခုအချိန်မှာ Singapore Only သာ အလှူငွေလက်ခံနိုင်တာကြောင့် မြန်မာနဲ့ အခြားကမ္ဘာတစ်ဝန်းက ကံစမ်းချင်သူတွေ အတွက် မိမိတို့ သူငယ် ချင်းတွေထံမှ တစ်ဆင့် ဝယ်ယူကံစမ်း လှူဒါန်းနိုင်ကြပါတယ်။

မဲဝယ်ယူတာကို ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီမှာ စာရင်းပိတ်မှာဖြစ်ပြီးတော့ မတ်လ ၁ ရက်မှာ ကံစမ်းမဲ ပေါက်တဲ့သူကို https://www.facebook.com/redssupportrev/ ပေ့ချ်ကနေ တိုက်ရိုက်ထုတ်လွှင့်ကံစမ်း သွားမှာလည်းဖြစ်ပါတယ်။ ကံစမ်းမဲတွေကိုလည်း အဲဒီပေ့ချ်ရဲ့ မက်ဆင်ဂျာမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.