Radio NUG အား အိမ်သုံး ရေဒီယိုများဖြင့် ပြန်လည်ဖမ်းယူနိုင်ရန် လေလှိုင်းကနေ ဆက်လက…

Radio NUG အား အိမ်သုံး ရေဒီယိုများဖြင့် ပြန်လည်ဖမ်းယူနိုင်ရန် လေလှိုင်းကနေ ဆက်လက်တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဩဂုတ်လ ၂၆ က စတင်ပြီး မနက် ၈ နာရီ နှင့် ည ၈ နာရီ အချိန်များတွင် လှိုင်းတိုမီတာ ၁၆၊ မက်ဂါဟတ်ဇ် ၁၇.၇၁ မှတစ်ဆင့် Radio NUG မှ ထုတ်လွင့်သော အစီအစဉ်များကို လေလှိုင်းမှာ တိုက်ရိုက် ဖမ်းယူ နားသောတဆင်နိုင်မည် ဖြစ်ပါသည်။

စမ်းသပ်ထုတ်လွှင့်ရာတွင် ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် မိဘပြည်သူများ အနေဖြင့် မိမိတို့ ဒေသအလိုက် ရေဒီယို ဖမ်းယူရရှိမှု အခြေအနေများအား Radio NUG Facebook Page သို့ message မှတစ်ဆင့် ကူညီပေးပို့ပေးပါရန် Radio NUG အဖွဲ့သားများမှ မေတ္တာရပ်ခံအပ်ပါသည်။

အခက်အခဲများကြားက အစွမ်းကုန် ပေးဆပ်နိုင်ဖို့ မြန်မာပြည်အတွက် Radio NUG

#RadioNUG

Like – 21K Share – 2124

Public Voice Television Facebook

Add your reaction

  1. ပြန်လွှင့် နေပြီ ဆိုတော့
    ရပ်သွားသေးတယ်ပေါ့
    ရေဒီယို ဖိုးလေး အလကား ဖြစ်ပြီထင်နေတာ

  2. ဖမ်းလိူ့တော့ရတယ် VoAလိုင်းနဲ့ ကပ်ရပ်လေးမှာ ဖမ်းလို့ရတယ်

  3. ပုံလေးနဲ့တကွ ဘယ်နားဘယ်နားဆိုပြီးပြကြပါအုံး လိုင်းတွေလဲမဖမ်းတတ်လို့ နားမလည်ဘူး

  4. SW7 နဲ့ ပခုက္ကူမြို့မှာလည်း မိပါတယ် အသံလည်း ကြည်တယ်

  5. ဟိုပင်၊ကချင်ပြည်နယ် မှာတော့ လိုင်းကကောင်းပါတယ်။အသံကြည်တယ်။

  6. ဒီရေဒီယိုမှာတော့ အညွှန်းအရ SW9 17.70 နားတဝိုက်ရှာတာမရပါဘူး နေပြည်တော်ကပါ

  7. စလွှင့်ကတည်းက ဖမ်းနေတာ အခုထိ မမိသေးဘူး ရှမ်းတောင် ဘက်

  8. ဒီည ဖမ်းကြည့်ဦးမယ် ၁၀ band နဲ့ဖမ်းတာဘဲခုထိအဆင်မပြေသေးဘူး

  9. 10Bend&TV World Receiverဆိုရင်ရောဖမ်းလို့ရလားကျွန်တော်ခုထိဖမ်းမရသေးလို့ကျေးဇူးပြု၍ပြန်ကြားပေးပါအုံးခင်ဗျား

  10. 10band ပါရှင့် VOA ဘဲဖမ်းလို့မိတယ် ဖမ်းမရလို့ပါရှင်ြ

  11. VOA နဲ့ကပ်ရက်ပါ မိတဲ့အခါမိ မမိရင်လည်း နာရီဝက် ကုန်သွားတယ်
    5 band ပါ ။ VOA ကပိုပီး
    ကြည်သွားသလိုခံစားမိတယ် ။

  12. Digital ရေဒီယို နဲ့ လိုင်းမိတဲ့ လိုင်းနံပါတ် နံပါတ်လေး ပြောပေးပါလား

  13. ပြည်သူတွေ သတင်းအမှန်သိစေဖို့ NUG ရေဒီယို ကိုနားစင်စို့ 

  14. ဒီအတိုင်းဖမ်းတာ မမိလို့
    သိတဲ့သူများလမ်းညွှန်ကြပါ
    ဧရာဝတီ/ဇလွန်ပါ

  15. လွင့်နေပြီလား… ဘယ်လိုင်းကလွင့်တာလဲခင်မျ.
    FM လိုင်းကလွှင့်ပေးတာလားခင်မျ…

  16. Ph ထဲမှာ ပါတဲ့ Radio လိုင်းတစ်နေရာစာယူပြီ ရအောင်လုပ်ပေးပါ လူတိုင်းဖုန်းကိုင်နေတော့ ဖုန်းလိုင်းတွေဖျက်လဲ သတင်းရနေတာပေါ့

  17. ကြိုးစားပြီးတော့ရှာကြည့်ပါတယ်အခုထိတော့မရသေးဘူးနားထောင်ချင်ပါတယ်

  18. နည်းပညာတိုးမြှင့်ပေးပါ
    မနက်ပိုင်းရပြီးညနေပိုင်းမရပါ
    နှစ်နေရာမိတယ် ထားဝယ်
    အရေးတော်ပုံအောင်ရမည်
    အောင်ပွဲမရမချင်းCDMလုပ်ပါ့မယ်

  19. ၂ရက်လောက်‌ေတာ့ ရတယ် နောက်ပိုင်းဖမ်းလို့ကိုမရသေးဘူး

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.