“Radio NUG စတင်တော့မည်”
ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Radio NUG အစီအစဉ်ကို
ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမှာဖြစ်တာကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ မှာ ဖမ်းယူကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်တာကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် အဆင်ပြေမပြေ နားထောင်ပြီး အသံဖမ်းယူပေးပို့ပေးခြင်းဖြင့် ကူညီပေးစေချင်ပါတယ်။
နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ
(မိနစ်၃၀)စာ တနေ့ကို နှစ်ကြိမ် ထုတ်လွင့်သွားမှာဖြစ်ပါတယ်။
ရေဒီယိုကတော့ 10 Band Digital Radio ဆိုရင်ရပါပြီ
အိမ်တိုင်း တစ်လုံးစီ ဝယ်ထားကြဖို့လဲ တိုက်တွန်းပါတယ်။
#RadioNUG
Like – 37K Share – 6033