PVTV Myanmar – YouTube

www.youtube.com/c/pvtvmyanmar

Public Voice Television (PVTV) အစီအစဉ်များကို အထက်ပါ Youtube Channel တွင် တစ်စုတစ်စည်းတည်း ကြည့်ရှုနိုင်ကြောင်း သတင်းပေးရင်း Subscribe လုပ်ပေးထားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ပြည်သူလူထုရဲ့ သတင်းအချက်အလက်သိပိုင်ခွင့် (Right to Know) ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် နွေဦးတော်လှန်ရေးအောင်မြင်ရေး၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ပျက်သုဉ်းရေးတို့ကို အထောက်အကူဖြစ်စေမယ့် အစီအစဉ်သစ်တွေကို ထပ်တိုးတင်ဆက်ပေးနိုင်ဖို့အတွက် ရည်မှန်းချက်တူသူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မကြာမီအချိန်အတွင်း PV Radio ထုတ်လွှင့်နိုင်ဖို့နဲ့ PVTV အစီအစဉ်တွေကို Mobile ဖုန်းတွေကနေ အလွယ်တကူကြည့်ရှုနိုင်မယ့် Application တစ်ခုကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အရေးတော်ပုံအောင်ရမည်။

PVTV Myanmar – YouTube

Like – 3.4K Share – 261

Public Voice Television Facebook

Add your reaction

  1. “အရေးပေါ်သောက်ရေ”

    မင်းတပ်မြို့မှာ အရေးပေါ်ကယ်ဆယ်ရေးစခန်း Camps တချို့စဖွင့်နေပြီလို့ကြားသိရပါတယ်။
    သောက်ရေကအစ အိမ်သာအဆုံးအခက်အခဲဖြစ်လာနိုင်ပါတယ်။

    ဒီနေရာမှာ အများသောက်မယ့် သောက်ရေ အကြောင်း အနည်းငယ်ပြောပြပါရစေ။

    စမ်းရေချောင်းရေဖြစ်ဖြစ် တနေရာက ရလာတဲ့ရေကို သောက်ရေဖြစ်အောင်လုပ်ဖို့ လိုပါတယ်။
    ရေကိုကြိုချက်သောက်ဖို့ရန်ကလည်း လူအများအတွက် လုပ်ပေးရတာမို့ မလွယ်ကူနိုင်ပါ။ သောက်ရေသန့်စက်တွေနဲ့ Campမှာ ရေသန့်ပေးဝေဖို့ကလည်း အဆင်ပြေမယ်မထင်ပါ။ မြို့ထဲက ရေသန့်ပေးဝေရေးကနေ နေ့တိုင်း မနက်တခေါက် ညတခေါက် ရေဝေပေးဖို့ကလည်း ခက်ခဲနေဦးမှာပါ။

    သောက်ရေရ/လုပ်ဖို့ နည်းလမ်းအများကြီးထဲက ကျနော်တို့ အကြံပြုချင်တာကတော့
    ၁ – Chlorination of Water (ကလိုရင်းဆေးထည့်ခြင်း)
    ၂ – Clay Vessel Filtration (မြေအိုးဖြင့်ရေစစ်ခြင်း ) ဆိုတဲ့ ဒီ (၂) နည်းပါ။

    ၁ – Chlorination of Water (ကလိုရင်းဆေးထည့်ခြင်း)

    ရေ တလီတာ (1 Litre) ထဲကို Sodium Hypochlorite 500 milligram ထည့်ရမှာပါ။ ကိုယ်ရထားတဲ့ ကလိုရင်းဟာ ဘာအမျိုးအစားလဲ သေချာစိစစ်ပါ။ Calcium Hypochlorite, Sodium Hypochlorite ဆိုပြီးရှိတတ်ပါတယ်။
    ကိုယ်ထည့်မယ့်ရေရဲ့ပမာဏကို အရင်သိအောင်လောက်ပြီး ဆေး ၅၀၀ မီလီဂရမ်ကို ရေတလီတာ နှုန်း နဲ့တွက်ချက်ပြီး ထည့်ရမှာပါ။ ကလိုရင်းထည့်ထားတဲ့ရေကို တချို့လူတွေကတော့ အနံ့အရသာ အနည်းငယ်လေး ပြောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် စိတ်ချလက်ချ သောက်လို့ ရပါတယ်။

    ၂ – Clay Vessel Filtration (မြေအိုးဖြင့်ရေစစ်ခြင်း)
    မြေအိုး ဒါမှမဟုတ် အိုးတလုံးကို အောက်မှာ အပေါက်ဖောက်။ ပုံထဲမှာ ပြထားသလိုပဲ ကျောငက်စရစ်ချောတလွှာ သဲအကြမ်းတလွှာ သဲအချောတလွှာ ထည့်ပြီး ရေစစ်သောက်ရင်လည်းရပါတယ်။

    အလှူရှင်တွေကလှူရင်လည်း Chlorine ဆေးလေးတွေ Handgel ကအစ အိမ်သာသုံးပစ္စည်းတွေကိုလည်း လှူစေချင်ပါတယ်ဗျာ
    မင်းတပ်က သွေးချင်းတွေနဲ့ အနယ်နယ်အရပ်ရပ်က လူတွေ သိရအောင် Share ပေးကြပါဦး…

    မင်းတပ်နဲ့ မြန်မာပြည်အရပ်ရပ်က ပြည်သူအားလုံး ကျန်းမာကြပါစေဗျာ…

    EZ Care Team

  2. မြေပြင်ကလိုအပ်ချက်တွေ ကိုပြည်ထောင်စုဝန်းကြီတွေ ပိုသိရအောင်လို့ သို့မဟုတ် အကြံပေးတာမျိုးတွေ လုပ်ဆောင်နိုင်အောင်လို့ ဝန်ကြီးတွေနဲ့ ပြည်သူတွေနဲ့တွေဆုံပွဲကို Onlineကနေလုပ်သင့်တယ်လို့ထင်တယ်။

  3. အရေးတော်ပုံအရေးတော်ပုံအောင်ရမည် အောင်တော့မည်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.