PVTV Myanmar Daily News

Add your reaction

  1. တတိယပိုင်း (ဒုတိယပိုင်း က အဆက်)

    ▪️ မအလ ဖက်တွယ်ထားတဲ့
    ၂၀၀၈ အခြေခံဥပဒေ ရှုထောင့်က ပြောရင် –

    (၁) #နိုင်ငံတော်သမ္မတ နဲ့ #ယာယီသမ္မတ လုပ်ပိုင်ခွင့် ကွာခြားချက်ကို စ, ပြောပါမယ်

    ပုဒ်မ ၄၁၇ အရ #နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေအရ အာဏာလွှဲရမှာ ဖြစ်ပေမယ့်

    ဒုသမ္မတ မြင့်ဆွေက #ယာယီသမ္မတ အနေနဲ့ အာဏာလွှဲခွင့်မရှိ၊ တရားမဝင်ပဲ၊ အာဏာသိမ်းခဲ့တဲ့အတွက် နိုင်ငံတော် ပုန်ကန်မှု မြောက်ပါတယ်။

    ယာယီသမ္မတဆိုတာ …. ဘာလဲ။ ပုဒ်မ ၇၃ တခုနဲ့ပဲ သက်ဆိုင်တယ်။ ပုဒ်မ ၇၃ အရ … ယာယီသမ္မတ လုပ်ပိုင်ခွင့်တခုပဲ ရှိတယ်။
    နိုင်ငံတော်သမ္မတ ကွယ်လွန်လို့ ဖြစ်စေ၊ အခြားကိစ္စတခုခုကြောင့် ဖြစ်စေ တာဝန် မထမ်းဆောင်နိုင်ရင် ၊ …( ဒုသမ္မတက ယာယီသမ္မတ အဖြစ် ) ပြည်ထောင်စုလွှတ်တော်ကို (၇) ရက်အတွင်း အကြောင်းကြားပြီး၊ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတအသစ် ကို (၂၁) ရက်အတွင်း မဲပေး တင်မြှောက်ဖို့ … ယာယီသမ္မတ လုပ်ပိုင်ခွင့်တခု ပဲ ရှိတယ်။ ၂၁ ရက်အတွင်း ဒုသမ္မတက နိုင်ငံတော်သမ္မတ အာဏာယူစေလို့ ပြဒါန်းမထားဘူး။

    (၂) ပုဒ်မ ၃၉၈ အရ #နိုင်ငံတော်သမ္မတ သည် UEC ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းရမည်လို့ ပြဒါန်းထားတယ်။ ကာ/ ချုပ်က ဖွဲ့စည်းခွင့် မရှိဘူး။ ဒါကြောင့် မအလ လက်မှတ်ထိုးဖွဲ့စည်းတဲ့ သိန်းစိုး UEC ဟာ တရားမဝင်ဘူး။

    (၃) ပုဒ်မ ၄၀၂ အရ ​UEC ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအသတ် အတည်ဖြစ်ရမည် လို့ ပြဒါန်းထားတယ်။ ဒါကြောင့် ဦးဝင်းမြင့် ခန့်အပ်ထားတဲ့ ဦးလှသိန်း UEC က ဆုံးဖြတ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်က အတည်ပဲ။ ဘယ်သူမှ ဖျက်သိမ်းလို့မရဘူး။
    မအလ ခန့်ထားတဲ့ တရားမဝင် သိန်းစိုး UEC ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ဟာ ပယ်ဖျက်တယ် လို့ ကြေညာတယ်။ ဒါဆိုရင် မေးခွန်းက ဘယ်ပုဒ်မနဲ့ အဲဒီကြေညာချက်က အတည်လို့ ပြောလို့ရမလဲ။

    ပုဒ်မ ၄၀၂ ကြောင့် ဦးလှသိန်း UEC ရဲ့ အဆုံးအဖြတ်က အတည် ဆိုရင် ၊ သိန်းစိုး UEC ကြေညာချက်က ပယ်ဖျက်ခွင့် မရှိဘူး။ ဦးလှသိန်း UEC ရဲ့ အဆုံးအဖြတ်က အတည် မဟုတ်ဘူး ဆိုရင် သိန်းစိုး UEC ကြေညာချက်ကလည်း အတည်မဟုတ်ဘူး။ အဆီအငေါ်မတည့်ပဲ သောက်ပေါကြီး လုံးလုံး ဖြစ်ပြီ။

    ဒီတော့ မအလရော၊ စကစရော၊ သိန်းစိုး UEC ရော … အကုန်လုံးဟာ ဥပေဒကို ဖောက်ဖျက် ပြီး သူပုန်ထနေတဲ့ နိုင်ငံတော်ပုန်ကန်မှုကြီး၊ အမျိုးသားသစ္စာဖောက်မှုကြီးကို ကျူးလွန်နေတာ ဖြစ်တယ်

    ▪️ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကောာ်မတီ CRPH က ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းတဲ့ တရားဝင် လမ်းကြောင်းက ပြောရရင်

    (၁) ၂၀၂၁ မတ်လ ၃၁ မှာ CRPH က ၂၀၀၈ အ​ခြေခံဥပဒေကို ဖျက်သိမ်းလိုက်တယ်။ ဒါကြောင့် ၂၀၀၈ အ​ခြေခံဥပဒေအောက်က UEC ရဲ့ လုပ်ပိုင်ခွင့်ဟာလည်း အလိုလို ဖျက်သိမ်းပြီးသား ဖြစ်တယ်

    (၂) ၂၀၂၁ ဧပြီ ၁ မှာ CRPH က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း နဲ့ ကြားကာလ အုပ်ချုပ်ပုံဥပဒေ ကို ပြဒါန်းတယ်။ ၎င်း ထဲ မှာ UEC ရွေးကောက်ပွဲကော်မရှင် နဲ့ လုပ်ပိုင်ခွင့် လုံးဝ (လုံးဝ) မပါရှိဘူး

    ▪️ ဒါကြောင့် သိန်းစိုး UEC အမည်ခံ တရားမဝင်အဖွဲ့က သောက်ရူးထပြီး ဘာတွေပဲ ကြေညာ ကြေညာ … ဥပဒေကြောင်းအရ ဘယ်ဘက်ကမှ… တရားမဝင်ဘူး။ သေနတ်ထောက်ပြီး ရမ်းချင်တိုင်းရမ်း လို့ရမယ် ။ လူလိမ် သူခိုး ဒမြ အဆင့်ထက် မပိုဘူး။ ဒမြဗိုလ် မအလနဲ့ လူလိမ် သိန်းစိုး ဆိုတာ ပြည်သူနဲ့ နိုင်ငံတကာက သိပါတယ်

  2. အမျိုးသားညီညွတ်​ရေးအစိုးရ သို့ အကြံပြုချက်

    ၁၉၈၈ အ​ရေး​တော်ပုံကာလတုန်းကနိုင်ငံ​တော်ဝန်ကြီးချုပ်​ဟောင်းဦးနုဟာကြားဖြတ်စင်ပြိုင်အစိုးရဖွဲ့စည်းခဲ့ပါသည်။ ​မန်းဝင်:မောင်ဟာသမတ ဒေါ်​အောင်ဆန်းစုကြည်ဟာနိုင်ငံခြား​ရေးဝန်ကြီး ဦး​အောင်​ရွှေဟာပြည်ထဲ​ရေးဝန်ကြီး သူရဦးတင်ဦးဟာကာကွယ်​ရေးဝန်ကြီးတို့အဖြစ်အသီးသီးတာဝန်ယူခဲ့ကြပါသည်။ နိုင်ငံ​ပေါင်း ၂၁ နိုင်ငံဟာလည်း​ထောက်ခံခဲ့ပါသည်။ CDM ဝင်လာသည့်စစ်သားနှင့်ရဲ​တွေလည်းရှိခဲ့ပါသည်။ ဟိုဘက် နဝတ စစ်အုပ်စုကို​ထောက်ခံတာတရုတ်တနိုင်ငံပဲရှိပါသည်။ ဒါ​ပေမဲ့သူတို့ကနှစ်၂၀​ကျော်​လောက်အုပ်ချုပ်သွားသည်။ ဒါဘာကိုပြလည်းဆို​တော့ပြတ်ပြတ်သားသား​ဆောင်ရွက်သည့်အဖွဲ့က​နေရာရမှာပဲ။ ဗမာစကားပုံအတိုင်းရဲရင်မင်းဖြစ်သည်ဆိုသလို​ပေါ့။ အဲ့ဒီ​တော့ National Unity Government အ​နေနှင့်လည်းတခုခု​တော့ပြတ်ပြတ်သားသားလုပ်သင့်ပြီလို့ကျွန်​တော်မြင်ပါသည်ခင်ဗျ။ N.U.G ပြည်သူ့အစိုးရ​အောင်မြင်ပါ​စေ။ အ​ရေး​တော်ပုံ​အောင်ရမည်။

    လေးစားစွာဖြင့်
    သာမန်ပြည်သူတဦး

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.