PVTV ၏ အဝေးရောက် ရင်တွင်းစကားသံ ကဏ္ဍ…


PVTV ၏ အဝေးရောက် ရင်တွင်းစကားသံ ကဏ္ဍ

အကြောင်းအမျိုးမျိုးကြောင့် အမိမြေနဲ့ ဝေးကွာတဲ့အရပ်မှာ နေနေကြရပေမယ့် အရေးကိစ္စကြုံလာတဲ့အခါမှာ ရင်ထဲက ဘယ်လိုမှမခံစားနိုင်ကြတော့ပဲ အမိမြေအတွက် တတ်စွမ်းသလောက် အားထည့်ကူညီပေးနေကြတဲ့ အဝေးရောက်နေသော မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ ရင်တွင်းစကားသံတွေကို ကြားနိုင်ဖို့ PVTV အဖွဲ့သားတွေက “အဝေးရောက် ရင်တွင်းစကားသံ” အစီအစဉ်ကို တင်ဆက်လိုက်ရပါတယ်။ လူချင်းဝေးနေကြပေမယ့် နှလုံးသားတွေနီးစပ်နေကြတယ်ဆိုတာကို ဒီနွေဦးတော်လှန်ရေးတိုက်ပွဲတွေက ပိုပြီး သေချာစေခဲ့ပါတယ် … ပြည်တွင်းကနေ အသက်တွေ၊ ဘဝတွေစွန့်ပြီး စွန့်စားတိုက်ပွဲဝင်နေကြသူတွေရဲ့ အင်အားဟာ တော်လှန်ရေးရဲ့ အဓိကပင်မသွေးကြောဆိုရင် ပြည်ပရောက်မြန်မာတွေရဲ့ ပံ့ပိုးမှုအင်အားကလည်း မရှိမဖြစ်သော သွေးကြောမျှင်တွေ ဖြစ်နေမှာပါ … ဒါ့ကြောင့် နွေဦးတော်လှန်ရေးတိုက်ပွဲကို တတ်နိုင်တဲ့အားနဲ့ ဝင်နွှဲနေကြတဲ့ ကမ္ဘာအရပ်ရပ်က မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ ချိတ်ဆက်ပြီး သူတို့ရဲ့ အသံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ထိုင်ဝမ်နိုင်ငံမှာနေထိုင်တဲ့ Global Myanmar Spring Revolution (GMSR) က မဆုဝေ နဲ့ အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ U.S Advocacy Coalition for Myanmar က Ko Terence Htoo တို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။ နောက်အပတ်တွေမှာလဲ ကမ္ဘာအနှံ့က အဝေးရောက် ရင်တွင်းစကားသံတွေကိုလဲ ထပ်မံနားဆင်နိုင်ကြဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

အရေးတော်ပုံ အောင်ရမည်။
#PVTV
#Springrevolution

Like – 4.6K Share – 318

Public Voice Television Facebook

Add your reaction

  1. ဟုတ်တယ်အကိုတို့အမတို့ပြောတာမှန်ပါတယ် နိုင်သလောက်လူပါတယ်တာဝန်မက်တစ်ယောက်အဖြစ်မျိုးမဖြစ်ချင်ဘူ ကိုကရှေကိုမထွက်ရလို့. ဒုက္ခရောက်နေတဲ့ပြည်သူတွေစစ်ဖြစ်လို့ရှာင်နေရတဲပြည်သူတွေ သတင်းတွေအမြဲနာထောင်ပြီးရင်ကွဲရတော့မယ် ထပ်တူ ခံစာနေရပါတယ်

  2. ကြိုးစာပေးကြပါဘယ်နေ့လောက်အရေးတော်ပုံအောင်ကျမလဲခုထိတော့ဘာမှရေရာတာတွေမဖြစ်သေးဘူးဗျာ

  3. ကရင်ဆိုရင်အ​ဒေါ်လူမျိုးပါကွယ်​လေးစားပါတယ်သားရယ်ပြညသူတွက်ပြည်သူပါအ​ရေး​တော်ပုံ​အောင်ရမည်

  4. ဂျပန်ဗိုလ် ပြောခဲ့သလို…

    ငါတို့ ပြည်သူတွေ ကို့ဝမ်းစာအတွက် မဟုတ်ပဲ ကို့နိုင်ငံအတွက် အလုပ်အကျွေးပြုကြဖို့ အချိန်တန်လွန်းနေပါပီကွာ၊

    တောထဲ ရောက်နေတဲ့ လူငယ်တွေလဲ သူတို့နိုင်တဲ့ဝန်၊ ထမ်းကြသလို နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလဲ အလုပ်အပျက်ခံပီး ကိုယ်နိုင်ရာ လုပ်ရှားနေကြတယ်၊

    ပြည်တွင်းမှာ ရှိတဲ့ တိုင်းသူပြည်သားအားလုံးလဲ ပြိုင်တူတွန်းနေကြတဲ့ အချိန် ၊အရေးမပါတာတွေ သိပ်ပုံကြီးမချဲ့ချင်တော့ဖူးကွာ၊

    👉တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ အချိန်တန်လွန်းနေပါပီလို့ နိုးဆော်ပါတယ် ၊

    👉ကိုယ် နိုင်တဲ့ နေရာ ဝင်ကူကြပါ၊

    👉ကိုယ့် သတင်းတွေ မှန်တယ် ထားအုံး သိပ် မရှဲမိကြပါနဲ့( သတင်းပေးသလို ဖစ်လို့ပါ)၊

    👉ခွေးသူခိုး အနံ့ရတာနဲ့ တင်ပါ၊(အင်အားဘလောက်၊ကားဘနစီး၊အရပ်ဝတ်၊အုပ်ကြီး၊ခွေးသူခိုးမိသားစုအသိုင်းဝိုင်း၊ခွေးသူခိုးနဲ့ ပေါင်းစားတဲ့ လုပ်ငန်းစုကြီးများ)

    👉ပြည်ပ သတင်းမီဒီယာမှာ အလုပ်လုပ်နေကြတဲ့ မြန်မာပြည်ဖွားတွေကိုလဲ သတင်းတွေ မေးခိုင်းတိုင်း မမေးကြဖို့ တောင်းဆိုပါတယ်၊ပါဝင် ကူညီပေးကြပါ။

    👉👉တောတောင် ကျွန်းသစ် မြစ်ချောင်း အင်းအိုင် ရေခဲတောင် ပင်လယ်ပြင် ကျွန်းစု (ပါးစပ်ထဲရှိတာအကုန်ရွက်ကြည့်ပါ) ဒီလောက်ပြီးပြည့်စုံလှပနေတဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ အချိန်တန်လွန်းနေပါပီ👈👈

    crd; စီအာဒီ
    copy for
    union of myanmar,
    Myanmar around the World,
    every ethnic army groups,

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.