PVTV ၏ တော်လှန်ရေး အနုပညာကဏ္ဍ (ကဗျာ)
“သွေးအေးအေး အနိုင်ယူမှုတွေနဲ့”
ငါတို့ …
ဒူးထောက်
လက်မြှောက်ထားရတယ်
သံမဏိ နှလုံးသားတွေနဲ့။
နာကျည်းမှု က
မျက်နှာမှာပေါ်တယ်
သွေးအစက်စက်
ဒဏ်ရာတွေနဲ့ ။
ပြယုဂ်က
နှိပ်စက်မှုသာပေါ်တယ်
သွေးအေးအေး
နာကျည်းချက်တွေနဲ့။
သတ္တိက
ဖြစ်စဉ်မှာပေါ်တယ်
ရင်ကော့
ခေါင်းမော့လျက်ပဲ။
မမေ့နဲ့
အမှန်တရားမှာ ….
သွေးအေးအေး
အနိုင်ယူမှုတွေနဲ့ ။
ခက်ထန်
နွေဦးမောင် ခံစားရွတ်ဆိုသည်။
#SpringRevolution
#PVTV