PVTV ၏ တော်လှန်ရေးအနုပညာကဏ္ဍ (ကဗျာ)…

PVTV ၏ တော်လှန်ရေးအနုပညာကဏ္ဍ (ကဗျာ)

ခံယူချက်တစ်ခုနဲ့ တောထဲတောင်ထဲမှာ ဒုက္ခဆင်းရဲခံပြီး အာဏာရှင်ကို တော်လှန်ဖို့ ကြိုးစားပြင်ဆင်နေကြတဲ့ သူငယ်ချင်းတစ်ယောက်ကို ရည်ရွယ်ပြီး Plug X ရေးဖွဲ့ထားတဲ့ ကဗျာကို ဟိဏ်းနောင်ခံစားရွတ်ဆိုထားပါတယ်။ ကဗျာလေးရဲ့နာမည်က “ငါ့ကောင်ကြီး တောထဲထွက်သွားပြီ” တဲ့။

#SpringRevolution
#PVTV

Like – 5K Share – 408

Public Voice Television Facebook

Add your reaction

  1. “ချစ်တုံး မုန်းချင် မုန်းမယ့် စကား ဆိုပါရစေ”

    ဖက်ဒရယ် ဒီမိုကရေစီ ဟာ
    ဖက်ဒရယ် နဲ့ ဒီမိုကရေစီ ပေါင်းစပ်ထားတာ ဖြစ်တယ်။

    ဒီမိုကရေစီ
    =========
    ဒီမိုကရေစီဟာ (အများစု) ဆုံးဖြတ်ချက်ကို
    လိုက်နာပြီး အာဏာ ၃ ရပ် ထူထောင်တာ ဖြစ်တယ်။

    ဒီမိုကရေစီမှာ လူတန်းစားအရ နှစ်မျိုးရှိတယ်။
    အရင်းရှင် ဒီမိုကရေစီနဲ့ ပြည်သူ့ဒီမိုကရေစီ – ဒါကို မပြောသေးဘူး )

    ဒီမိုကရေစီမှာ နယ်မြေအရ နှစ်မျိုးရှိတယ်။
    ပြည်ထောင်စုဒီမိုကရေစီနဲ့ ပြည်နယ်ဒီမိုကရေစီ။

    ပြည်ထောင်စု ဒီမိုကရေစီဆိုတာ
    ပြည်ထောင်စုတခုလုံးက ပြည်သူတွေရဲ​့
    (အများ) သဘောဆန္ဒအတိုင်း
    ဆုံးဖြတ်တာ။

    ပြည်နယ်ဒီမိုကရေစီက
    ပြည်နယ်တခုလုံးက ပြည်သူတွေရဲ​့
    (အများ) သဘောဆန္ဒအတိုင်း
    ဆုံးဖြတ်တာ။

    မတူဘူး။

    တခါတလေ
    ပြည်ထောင်စုပြည်သူအများ ဆန္ဒနဲ့
    ပြည်နယ်ပြည်သူအများဆန္ဒ ကွဲပြားတဲ့ အခါ

    ဘယ်လို ဖြေရှင်းမလဲ။

    ပြည်ထောင်စုပြည်သူက ဆုံးဖြတ်ရမယ့် .. အကန့် နဲ့
    ပြည်နယ်ပြည်သူက ဆုံးဖြတ်ရမယ့် .. အကန့်
    ခွဲခြားထားဖို​့ အခြေခံဥပဒေ ရေးဆွဲထဲက
    တိတိကျကျ ပြဒါန်းထားရင် … ရတယ်

    ၂၀၀၈ ခြေ/ဥ အောက် ဝင်ပြီး
    စစ်တပ်နဲ့ မျှခြေညီဖို့
    ရသမျှ အာဏာအပိုင်းအစကို နွားပိန်တွယ်ပြီး
    စိတ်ကူးဖဲရိုက်ခဲ့တဲ့ NLD ကို ပမာပြပြီး

    ၂၀၀၈ ခြေ/ဥ ရဲ​့ သွေးခွဲမှု ၊ စစ်တပ်ရဲ့ သွေးထိုးမှုကို မမြင်ပဲ
    ” ဒီမိုကရေစီ အနိုင်ကျင့်တယ်။ ဒီမိုကရေစီအာဏာရှင်” လို့
    ဘယ်နိုင်ငံရေး အဘိဓာန်မှာမှ မရှိတဲ့
    မအလ အောက်လုံးထိုး စကားကို ကော်ပီကူးပြီး
    မပြောကြဖို့ လိုတယ်။

    ဖက်ဒရယ်
    ==========
    ဖက်ဒရယ်မှာလည်း နှစ်မျိုးရှိတယ်
    အာဏာရှင် ဖက်ဒရယ်နဲ့
    ပြည်သူ့ ဖက်ဒရယ် ဆိုပြီး နှစ်မျိုးရှိတယ်

    ​အာရပ်စော်ဘွားများပြည်ထောင်စုဟာ
    အာဏာရှင်ဖက်ဒရယ် ဖြစ်တယ်

    စစ်အာဏာရှင်တွေ နဲ့ EAO အာဏာရှင်တွေ
    နယ်မြေခွဲဝေ အုပ်ချုပ်နေတဲ့ ပုံစံနဲ့
    NCA မှာ သတ်မှတ်ထားတဲ့
    နယ်မြေကို ခြေဥထဲ ထည့်ရေးပြီး
    မအလက သိမ်းသွင်းမယ်ဆိုရင်
    ဘာလုပ်မလဲ

    နမူနာပြရရင် ဝ ပြည်နယ်။
    ( EAO တွေရဲ့ NCA နယ်မြေအရ
    ဝ လိုတော့ နယ်မြေ ကျယ်ကျယ် မရနိုင်ဘူး)
    ဝပြည်နယ်မှာ ဒီမိုကရေစီ ရှိသလား။ နိုး 👎 မရှိဘူး။
    ဖက်ဒရယ် ရှိသလား။ ရက်စ် 👍

    ဒီလို ပုံစံမျိုး မဖြစ်ကြဖို့ လိုတယ်

    EAO တွေဟာ
    ပြည်နယ်ပြည်သူက ရွေးကောက်တင်မြှောက်တဲ့
    ပြည်နယ်အစိုးရတွေရဲ့ လက်အောက်မှာ
    အမှုထမ်းမယ့် လို့ ပိုင်းဖြတ်ရဲဖို့ လိုတယ်

    စကားပမာ ပြောရရင်
    ဗိုလ်ချုပ်ကြီးတွေ ဖြစ်တဲ့
    ထွန်းမြတ်နိုင်၊ ယွက်ဆစ်၊ မူတူးဆေးဖိုး တို့လည်း
    တပ်က ထွက်ပြီး ရွေးကောက်ပွဲ ဝင်၊
    ပြည်နယ်ဝန်ကြီးချုပ် လုပ်မလား

    ဖက်ဒရယ် ပြည်နယ် တပ်မှာ
    စစ်ဗိုလ်ချုပ်ပဲ ဆက် လုပ်မလား ရွေးချယ်ရမယ်

    ဒီမိုကရေစီမှာ
    နိုင်ငံရေး ဥပဒေရေး စီးပွါးရေး စစ်ရေးကို
    တယောက်ထဲက ကိုင်ထားလို့ မရဘူး။
    ပြည်သူက ၅ နှစ်တခါ ခန့်အပ်သူတွေက
    ခွဲဝေတာဝန်ယူရမယ်

    ဒါဟာ ဖက်ဒရယ် ဒီမိုကရေစီပဲ

    #တကယ်လိုချင်ကြရဲ့လား

  2. ” မီးကုန် ယမ်းကုန် ရိက္ခာကုန်
    တပ်တွင်းသူပုန်ထလိမ့်မည် ” ဆိုတဲ့ တဘောင်ကို
    “အများ” ပြည်သူတွေ ထိထိမိမိ သုံးကြပါ။

    ဖယ်ခုံမြို့နယ်မှာ မအလတပ်က
    စစ်ဘေးရှောင်တွေဆီ ပို့မယ့် ရိက္ခာတွေကို ဖျက်ဆီး။
    ဒါဟာ ပြည်သူကို ဖြတ်လေး ဖြတ် ထိုးစစ် ဆင်နေတာပဲ

    ဖက်ဆစ်တော်လှန်ရေးဟာ
    Total War ဘက်စုံစစ်ပွဲကြီး ဖြစ်တယ်

    မြို့ပြပျောက်ကြားနည်းတွေ
    တောတွင်းပျောက်ကြားနည်းတွေ
    ပျောက်ကြားသပိတ်တွေနဲ့
    တိုက်နေသူတွေ နဲ့ ထပ်တူ

    CDM ဝန်ထမ်းတွေဟာလည်း
    အရေးတော်ပုံတပ်သားတွေ ဖြစ်တယ်

    CDM တွေဟာ
    ” ငါ ငတ် .. သူ သေ ” နည်းကို သုံးနေတာပါ
    ငတ်လို​့ မသေဘူး
    မအလတပ်ကို လုပ်ကြွေးသမှု ပြုနေတဲ့ ယန္တရားကြီးကို
    ရပ်တန့် ပစ်တာ ၊ အခွန် ဝင်ငွေ ရိက္ခာဖြတ်တာ တွေဟာ
    မအလ တပ် သေမယ့်နည်းပဲ။

    ဝန်ထမ်း CDM တွေ အပြင်
    ပြည်သူ CDM တွေရော
    CDF, KPDF, KNU, KIA
    PDF တွေပါ

    ဒီတဘောင်ကို ဉာဏ်ရှိသလို
    ချဲ့ထွင် တွေးဆဖို့လိုတယ်

    ” မီးကုန် ”
    လျှပ်စစ်၊ လောင်စာ၊ လေယာဉ်ဆီ၊ စက်သုံးဆီ စတဲ့
    မအလ ယာဉ်တွေ၊ လုပ်ငန်းတွေကို ပေးနေတဲ့
    စွမ်းအင် အရင်းအမြစ်တွေကို ဖျက်ဆီးပါလို့ ဆိုလိုတယ်

    ” ယမ်းကုန်”
    လက်နက် ခဲယမ်း စစ်ယဉ်ရထား
    လေယာဉ်ကွင်း လက်နက်စက်ရုံစတဲ့
    မအလရဲ့ တိုက်ခိုက်ရေး လက်နက်ကိရိယာ တွေနဲ့
    အဲဒါတွေရဲ့ အရင်းအမြစ်လုပ်ငန်းတွေကို ဖျက်ဆီးပါလို့ ဆိုလိုတယ်

    “ရိက္ခာကုန်”
    စားနပ်ရိက္ခာ၊ အခွန်၊ ဝင်ငွေ၊ အလုပ်အကြွေး စတဲ့
    ​မအလတပ်ကို ပြည်သူနဲ့ ဝန်ထမ်းတွေက
    ထမင်းတင်ကြွေးထားတာတွေ၊
    အမှုဆောင်ရွက်ပေးနေတာတွေကို ဖြတ်တောက်ပါ
    မအလ စစ်ခရိုနီတွေရဲ့ စီးပွါးရေး လုပ်ငန်းကို ဖြတ်တောက်ပါ
    တိုက်ပွဲ မှာ ရိက္ခာလမ်းကြောင်း ကို
    ကြားဖြတ်တိုက်ပါ ဖျက်ဆီးပါ

    အမာကို ရှောင် အပျော့ကို တိုက် ဆိုတဲ့
    ပျောက်ကြားနည်းဟာ
    စစ်ရေး အရေးတော်ပုံရော
    စီးပွါးရေး အရေးတော်ပုံမှာ
    ” မီးကုန် ယမ်းကုန် ရိက္ခာကုန် ” ထိုးစစ်ဗျူဟာနဲ့
    တပြိုက်နက် တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်

    မအလတပ်ဟာ ကြေးစားတပ် ဖြစ်တယ်။ ကြေးစားတပ်ဟာ ထမင်းအငတ် မခံနိုင်ဘူး ။ ခံယူချက်နဲ့ စစ်တိုက်နေတာ မဟုတ်ဘူး။

    ရိက္ခာကုန်တာနဲ့ အမိန့်မနာခံမှု၊ အမိန့် ကို လျစ်လှူရှုမှု၊ တာဝန်ပျက်ကွက်မှု၊ အကွဲအပြဲ တွေ ကတဆင့်

    တပ်တွင်း ပုန်ကန်မှု ကြီး ဖြစ်လာမယ်။

    ငတ်လို့ ပုန်ကန်တာလား၊ အမြင်မှန်လာ လို့ ပုန်ကန်တာလား ဆိုတာတော့ …. အဲဒီအချိန်ကျမှ ပြောကြတာပေါ့

    အခု တိုက်နေတဲ့ စစ်ပွဲဟာ …

    တိုင်းရင်းသားတွေ အနှစ် ၇၀ တိုက်နေတဲ့ တောတွင်းပျောက်ကြားစစ် မဟုတ်ဘူး။

    နိုင်ငံရေး ၊ စီပွါးရေး၊ လူမှုရေး ဘက်စုံ တိုက်ခိုက်မှုနဲ့ မြို့ပြပျောက်ကြားတွေ ဘက်စုံပါဝင်နေတဲ့ Total War ဖြစ်တယ်။

    ဒီနေ့ မအလ စစ်တပ်မှာ ဒီလို ဘက်စုံစစ်ပွဲကို တကြိမ်တခါမှ မတိုက်ဖူးခဲ့ဘူး။ သူတို့ တုန်လှုပ်ခြောက်ခြားနေကြပြီ

    ဒါမျိုး ဒီမြေပေါ်မှာ နှစ်ကြိမ်ပဲ ပေါ်ပေါက်ခဲ့ဖူးတယ်

    ပထမတကြိမ်လည်း အောင်မြင်ခဲ့တယ်။

    ဒုတိယတကြိမ်လည်း အောင်ရမည်

  3. နားထောင်ပြီ မျက်ရည်တွေ ကျလာပြန်ပြီ အမြန်နိုင်ပြီ ဒီပွဲကြီးပြီးချင်ပါပြီ ဘေကင်းကြပါစေ

  4. ဆုံမှတ်ကဘဲစောင့်နေမယ် လမ်းက အတူတူဘဲလေ အား တော့မလျော့ဘူး

  5. ကျောက်လန့်တကြား
    ပဌာန်နဲ့ပရိတ်ရွတ် ပဌာန်းကျောက်တုန်းလေးတွေ အိမ်ဘေးပြစ်ထားဆိုတာတွေဟာ တပ်ပျက်နေပြီဆိုတဲ့ တပ်တွင်းပွဲပျက်ပွဲပဲ

  6. ဆယ်တန်းတုန်းက ရွှေဝါရောင်အရေးခင်းဖြစ်တော့
    လီးဘဲ အာဏာရှင်တွေလို့ ကျောင်းမှာအော်ဆဲတော့
    ဒီကောင့်ကို ဝိုင်းတာရသေးတယ်

    ငါ့ကောင်ကြီး တောထဲထွက်သွားပြီ။

  7. အောင်မြင်ပါစေ
    မြန်မာပြည် အမြန်ဆုံးငြိမ်းချမ်းရေ ရပါစေ

  8. တန်ဘိုးရှိလှတဲ့ရတနာလူ့အရင်းမြစ်တွေ မထိုက်တန်တဲ့ နေရာတွေရောက်နေရတယ်

  9. NUG(အမျိုးသားညီညွတ်ရေးအစိုးရ)အနေဖြင့် ရခိုင်ပြည်သူတို့၏ဆန္ဒပါဝင်စေရန် လုပ်ဆောင်မှုများလိုအပ်လျက်ရှိပြီး ရခိုင်ပြည်သူတို့၏ဆန္ဒနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်မှု၊တရားမျှတမှု၊ငြိမ်းချမ်းရေးတို့ကို အပြည့်အဝပေးဆောင်ရန် ဒီမိုကရေစီလှုပ်ရှားသူများ၊စစ်အာဏာရှင်ကျဆုံးရေးတိုက်ပွဲဝင်ပြည်သူများက မျှော်လင့်လျက်ရှိပါသည်။

  10. ကဗျာလေး ကောင်းလိုက်တာ
    ငါ့ကောင်ကြီးတွေအားလုံး ဘေးကင်းကျန်းမာကြပါစေ💕

  11. NUG အစိုးရအား​ထောက်ခံတယ် အ​ရေး​တော်ပုံ​အောင်ရမည်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.