PVTV ရဲ့ နေ့စဉ်သတင်းထုတ်လွှင့်မှုအဖြစ် ယနေ့ ဇူလိုင် ၂ ရက် စနေနေ့မှာ တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့ –
– ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ရှင်လင်းတင်ပြတယ်ဆိုတဲ့သတင်း၊
– အမျိုးသား ညီညွတ်ရေးအစိုးရက ပြည်သူ့ရဲ တပ်ဖွဲ့ ရုံး/ဌာနတွေ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာထုတ် ပြန်လိုက် တဲ့သတင်း၊
– လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ ထည့်သွင်း စဉ်းစားပေးဖို့ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်တောင်းဆိုလိုက်တဲ့သတင်း၊
– စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက CDM ဝန်ထမ်း တွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်တွေဆုံခဲ့တယ်ဆိုတဲ့သတင်း၊
– အကြမ်းဖက်စစ် ကောင်စီက မြေပြင်မှာတိုက်ပွဲမှာ အထိနာနေတဲ့ အတွက် သတင်းတု၊ သတင်းမှားတွေဖြန့်နေတာလို့ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ပြောကြား လိုက်တဲ့သတင်း၊
– မဟာမိတ်ဆက်ဆံရေး ကော်မတီနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်း၊
– လေးကေ့ကော် ဒေသကို ၂ ညဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် ကော်ဘရာစစ်ကြောင်းရဲ့ ခုခံမှုကြောင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေး သွားတယ်ဆိုတဲ့သတင်း၊
– ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews