PVTV ရဲ့ နေ့စဉ်သတင်းထုတ်လွှင့်မှုအဖြစ် ယနေ့ ဇွန် ၃၀ ရက် ကြာသာပတေးနေ့မှာ တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့ –
– နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ဆီ ပို့ဆောင်ချုပ်နှောင်ထားတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်လိုက်တဲ့ သတင်း၊
– နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာတာနဲ့အမျှ တော်လှန်ရေး ကိုပုံဖျက်တဲ့ သတင်းတု၊ သတင်းယောင်၊
– သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လုပ်ဖြန့်ချိနေ တယ်လို့ အမျိုးသား ညီညတ်ရေးအစိုးရထုတ်ပြန်လိုက်တဲ့သတင်း၊
– NUGPay ကို Google Play Store မှာ တိုက်ရိုက်ရယူ အသုံးပြုနိုင်တော့မယ် ဆိုတဲ့သတင်း၊
– ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ် ပြုတယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ကြေညာချက် ထုတ်ပြန်လိုက်တဲ့သတင်း၊
– “လွတ်မြောက်ရေး တောအုပ်” အမည်ပေးထားတဲ့ သစ်ပင်ဝယ် ယူရင်း ရဲဘော်တွေကို ကူနိုင်တဲ့ ကမ်ပိန်းပြုလုပ်မယ်ဆိုတဲ့သတင်း၊
– ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews