Public Voice Television (PVTV) သည် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသော ဖ…


Public Voice Television (PVTV) သည် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု (Federal Democracy Union) ဖြစ်တည်ပေါ်ပေါက်လာရေးကို ဦးတည်တိုက်ပွဲဝင်နေသည့် ကြားကာလအချိန်အတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) တို့၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ CRPH, NUCC နှင့် NUG တို့၏လှုပ်ရှားမှုများနှင့် ဆက်စပ်ပတ်သက်နေသည့် ပြည်တွင်း၊ ပြည်ပ သတင်းအချက်အလက်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု(နွေဦးတော်လှန်ရေး)တွင် ဓမ္မဘက်ဖြစ်သည့် ပြည်သူလူထုက အောင်ပွဲဆင်နိုင်ရေးကို အထောက်အကူပြုနိုင်မည့် အနုပညာလက်ရာများနှင့် ဖန်တီးတင်ဆက်မှုများကို စုစည်းတင်ဆက်သွားရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အနုပညာဖန်တီးထုတ်လုပ်သူများအနေနှင့် နွေဦးတော်လှန်ရေး အောင်ပွဲအတွက် အထောက်အကူဖြစ်စေနိုင်မည့် အနုပညာလက်ရာနှင့် ဖန်တီးတင်ဆက်မှု(Video Content)များ ကို PVTV ၏ သတင်းထုတ်လွှင့်မှု Channel များတွင် ထည့်သွင်းတင်ဆက်ခွင့်ပြုနိုင်ပါက အောက်ပါ မေးလ်လိပ်စာ သို့ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံတောင်းခံအပ်ပါသည်။
[email protected]
လေးစားစွာဖြင့်
PVTV Editorial Team

Like – 30K Share – 6042

Public Voice Television Facebook

Add your reaction

  1. R2P ဝင်လာတဲ့နေ့ တိုင်းရင်းသားတပ်မတော် နဲ့ ပြည်သူတစ်ရပ်လုံး ရရာ လက်နက်စွဲကိုင်းပြီး အာဏားရူးတွေကို ချေမှုန်းကြမယ်။ ပြည်သူတွေက စစ်ဖြစ်မှာ မကြောက်တော့ဘူး။ စစ်မဖြစ်မှာ ကို ကြောက်နေကြတာ။ အမြန်အကောင်အထည်ဖော်နိင်ပါစေ။

  2. Page အလွယ်တကူ ဖြုတ်ချမရအောင် Recommend လုပ်ပေးကြပါလားဗျာ

  3. အစိုးရ ကြေညာဖို့ ရက်ကောင်းရက်မြတ် ရွေးသင့်ပါတယ်
    ဧပြီ ၁၆ – သောကြာ- သင်္ကြန်အတတ်နေ့ – ရက်ရာဇာ။
    ဧပြီ ၁၇ – စနေ – နှစ်ဆန်းတရက် – ပြဿဒါး။

  4. MRTV MWD စောက်တလွဲတွေထက် အပြတ်အသတ်သာသော ဒီဇိုင်းကာလာနဲ့ PVT 👏👏👏

  5. ကြိုဆိုပါ၏ ပြည်သူအတွက်နှစ်သစ်လက်ဆောင်လေးအတွက်ကျေးဇူး တင်ပါတယ်ရှင့်။

  6. ပြည့်သူ့ အစိုးရ အား လိူက်လဲစွာ ကြိုဆို ပါသည်။

  7. အစိုးရအဖွဲ့ ကြေငြာပေးပါဗျို့ ရသလောက်နဲ့ လုပ်ပေးပါ ကျန်တာ နောက်မှ ကြေငြာပါ

  8. ဖက်ဒရယ် တပ်မတော်ဖြစ်လာမယ့် တိုင်းရင်းသား တော်လှန်ရေး တပ်မတော်ရဲ့ တိုက်ပွဲ တွေအကြောင်း ကမ္ဘာသိအောင် ချပြပေးပါ

  9. ကြိုးစာပါ. အာပေးမှာ. ကိုယ်တိုင်လည်းနိုင်သလောက်လုပ်.မယ်. Fighting

  10. ကြိုဆိုပါ၏ ပြည်သူအတွက်နှစ်သစ်လက်ဆောင်လေးအတွက်ကျေးဇူး တင်ပါတယ်ခင်ဗျ

  11. PV TV အဖွဲ့သားများဘေးရန်ကင်းပါစေဂုဏ်ယူမြောက်ပါသည်

  12. ဖြစ်ခြင်တာ ဖြစ်မလာတော့လည် ပြည်သူအများခရမ်းသီး မီးလောင်သလို ဖြစ်နေပါပြီ

  13. ပြည်သူ့အစိုးရ အစစ်အမှန်ကို ထောက်ခံပါတယ်။ အရေးတော်ပုံ အောင်ရမည်။

  14. ကြိုဆိုပါတယ်.အ​ရေး​တော်ပုံ​မုချ​အောင်​စေရမည်

  15. Channel Variety နဲ့ပေါင်းပေးပါ။ Channel Variety က Admin ကျွန်တော်ပါ။

  16. ရှေ့ဆက်ပြီး​အောင်မြင်မှု​တွေတစ်ဆင့်ပြီးတစ်ဆင့်နဲ့အ​ရေး​တော်ပုံကြီး​အောင်​တော့မှာပါ

  17. Wai Moe Naing is the main suspect in the killing of two Monywa police officers. Is it wrong to arrest the wanted criminal? What do you need to keep an eye on? Are you afraid that the CIA contacts or about OIC funding will be revealed by him?

  18. ငါတို့ အားလုံး စည်းလုံးရမယ်နော်

    အဖွဲ့ တခုမှာ ယုံကြည်မှုနဲ့ စည်းလုံးမှု
    သေချာပေါက် ရှိရမယ်နော်

    သစ္စာဖောက် တဲ့ လုပ်ရပ်တွေ
    သတင်းရောင်းစားတာတွေ
    ဖော်ကောင် ဘညွန့်တွေ
    တယူသန်ကောင် တွေ

    ဒဲ့ ပြောလိုက်မယ်
    ရပ်တန်းက ရပ်လိုက်တော့နော်
    #Padzzevan

  19. ကြေညာအမြည်းလေးက အဓိပ္ပါယ် အတော်ပြည့်ပါတယ်။

    1. News သတင်း
    2. Politics နိုင်ငံရေး
    3. Spring Revolution နွေဦးတော်လှန်ရေး
    4. Democracy သာတူညီမျှ၊ တရားဥပဒေစိုးမိုးမျှတခြင်း စနစ်
    5. Federal Union တိုင်းရင်းသားထု၏ပြည်ထောင်စုအတွင်း ကိုယ်တိုင်ကိုယ်ပိုင်ဦးဆောင်မှု အပေါင်းအစည်း
    6. People Defense Force ပြည်သူ့ကာကွယ်ရေးအင်အားစု။

    အကုန်လုံးဟာ စစ်အာဏာချုပ်တဲ့ ပြည်သူ့ဆန္ဒတွေချည်းပဲ။

    စောင့်ကြိုလျက်ပါ နှစ်ကူးမှာ။
    နိုင်ငံ‌တော်အသစ်ဆီ လှမ်းလျှောက်တာ။

  20. ပြည်သူ့အစိုးရအားလှိုက်လဲစွာကြိုဆိုပါသည်။အောင်မြင်ပါစေ PV TV.
    We standing with you.

  21. ဒီထက်မက အောင် အောင် မြင် မြင် ပိုပြီး ထုတ် လွင့် နိုင် ပါစေ

  22. Public Voice TV အားလှိုက်လဲစွာကြိုဆိုပါတယ် အမြဲကြည့်ရှုအားပေးနေပါမည်

  23. အနုပညာ လက်ရာနဲ့ ဖန်တီးတင်ဆက်မှု့ content တွေ တောင်းခံနေတာပါ။ ပညာရှင်များ ကူညီပြီး ပေးပို့ပေးကြပါခင်ဗျာ။🙏🙏🙏

  24. PSI ​တွေ​တော့ သိမ်းသွားပြီ
    ဘယ်​ က ဖမ်းကြည့်​ရမလဲ

  25. မနက်ဖြန် ​၁၆ ရက်​နေ့
    CRPH ရဲ့ ကြားကာလ အမျိုးသား​ရေးညီညွတ်​ရေး အစိုးရအဖွဲ့ ကို ​ကြေညာမယ် လို့ သိရပါတယ်။

    ကြို​ပြောထားမယ်​နော်..

    ဟိုလူ မပါလို့၊ ဒီလူ မပါလို့တို့
    ဟိုလူထက် ဒီလူ့ကို ​ရွေးသင့်တယ်တို့
    ဒီလူ​တွေဆို အားမ​​ပေး၊ မ​ထောက်ခံဘူးတို့ …
    စသဖြင့် အဖျက်​တွေ ​ပြောပြီး ပြည်သူ​တွေ ​သွေးကျဲ​အောင်၊ ​သွေးကွဲအောင် လုပ်တဲ့သူ မှန်သမျှ … အဲ​ကောင်​တွေဟာ ဒလန်​တွေပဲ။

    လူဆိုရင် နားလည်တယ်။ ဒီ​လောက် ဖမ်းဆီးဖိနှိပ် သတ်ဖြတ်​နေချိန်မှာ ကိုယ့်အသက်နဲ့ ရင်းပြီး ရှိစုမဲ့စု အင်တာနက်​လိုင်း​တွေနဲ့ အချင်းချင်း ချိတ်ဆက်ရတဲ့ CRPH အဖွဲ့ဝင်​တွေဟာ သူတို့ စွမ်းသမျှ လုပ်​ဆောင်​ပေး​နေတာ အားလုံးအသိပါ။ ၁၀၀% ကြီး​တော့ perfect ဘယ်ဖြစ်မလဲဗျာ။ ဒီ​လောက် ကန့်သတ်ချက်​တွေကြားထဲ ဖွဲ့စည်းရတာကိုး။

    အခုချိန်မှာ ​ဖောင်းထုဖို့ထက် ဝန်းရံ​ပေးဖို့သာ စဥ်းစားကြပါ။

    ဒါကို ​စောက်ဆရာကြီးလုပ် ဖျက်လို ဖျက်ဆီး လုပ်​နေသ​ရွေ့ မအလ ရဲ့ ​ဘောမတသိုက်ထဲကပဲ ဖြစ်လိမ့်မယ်။

  26. ရေဒီယိုကပိုအဆင်ပြေမယ်ထင်ပါတယ် တနိင်ငံလုံးကို final call ခေါ်ပါ။ crph မှလူထုခေါင်းဆောင်များအနေနဲ့ မြို့နယ်တိုင်းအတွက် plan ချပြီး ဘယ်မြို့နယ်ကပြည်သူတွေ ကဘယ်နေရာကိုတာဝန်ယူဖို့ ညွှန်ကြားပါ။ ပြည်သူလူထုကို အကုန်ပါဝင်ပေးဖို့ အရင်ကြေငြာ ရက်သတ်မှတ်ပေးပါ။ ပြီးရင် ဘယ်မြို့နယ် ဘယ်နေရာကို ဦးတည်တိုက်ခိုက်ဖို့ တိတိကျကျ ညွှန်ကြားပြီးတနိင်ငံလုံးတချိန်ထဲတပြိုင်နက်တော်လှန်ရေးလုပ်လျှင် ကျနော်တို့ရဲ့ တော်လှန်ရေးဟာ အကျအဆုံးနည်းနည်းနဲ့လျှင်မြန်စွာပြီးသွားပါလိမ့်မယ်။ လူထုကို သတင်းတပြိုက်နက်ပေးနိင်ဖို့နဲ့ ပြည်သူကလေးစားယုံကြည်ရသူတယောက်က final. call ခေါ်ပေးဖို့ပါပဲ။ စကားမစပ် fm 90.2 ကဘာသံမှမကြားရပါ။

  27. ကြိုဆိုပါ၏ လက်တွဲညီညာ
    အောင်ကြောင်းဖြာ ကျွနုပ်တို့
    ပြည်သူ့အစိုးရအသစ်
    အဓွန့်ရှည်ပါစေ🙏❤

  28. ကြိုဆိုပါ၏ ပြည်သူအတွက်နှစ်သစ်လက်ဆောင်လေးအတွက်ကျေးဇူး တင်ပါတယ်ဗျာ။

  29. ပြည်သူ့အစိုးရအား လှိုက်လဲစွာကြိုဆိုပါသည်။အောင်မြင်ပါစေPV TV.

  30. ကြိုဆိုပါ၏
    ထောက်ခံပါ၏
    သတင်းအမှန်များ နားဆင်ရမည်ဖြစ်၍ကျေးဇူးတင်ပါ၏

    ပြည်သူနှင့်အတူ
    ပြည်သူ့အတွက် PVTV❤️❤️❤️♥️♥️♥️

  31. ကျွန်မတို့​ ထောက်ခံ​တဲ့​ ကျွန်မတို့​ပြည်သူ​အစိုးရ​ကို​ ကြိုဆိုပါတယ်✊

  32. လှိုက်လှဲဝမ်းသာ ဂုဏ်ယူစွာဖြင့် သဘောတူ၊ထောက်ခံ၊ကြိုဆိုပါတယ်ခင်ဗျာ။

  33. အရောင်မရွေးဘဲ ပြည်သူအားလုံး တသားထဲ စည်းလုံးကြပါမည်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.