Public Voice for PDF (June 14/2021)

PVTV ၏ ပြည်သူ့အသံကဏ္ဍ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွေအပေါ် ပြည်သူလူထုက ဘယ်လို မြင်သလဲ ဆိုတာကို နားဆင်ကြရမှာဖြစ်ပါတယ်။

https://youtu.be/ADsNhAZvy8Y

Public Voice for PDF (June 14/2021)

Like – 5.2K Share – 155

Public Voice Television Facebook

Add your reaction

  1. သေတဲ့လူတွေလဲများပြီ ဒုက္ခ ရောက်နေသူတွေလဲတပုံကြီး
    ငတ်တဲ့လူတွေလဲငတ်နေပြီ
    ဘေးထိုင်ဘုပြောတယ်လဲမထင်ပါနဲ့
    ကိုယ့်တွေကိုတိုင်လဲ ဒုက္ခ ရောက်နေတာပါ
    NUG အစိုးရအနေနဲ့ ပြတ်သားစွာလုပ်ဖို့လိုပါပြီဗျာ
    ပြည်သူတွေကိုအချိန်ဆွဲပြီ နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်တပ်အပေါ် လက်တုန်ပြန်ဖို့လုပ်ပါတော့😢

  2. PDF ကို ဒီ့ထက်ပိုပြီး အချိတ်အဆက်မိစေချင်တယ်..
    ပိုပြီးလည်း သတိထားစေချင်တယ်..

  3. ပြည်သူ၏အားကိုးရာ
    ပြည်သူ့ရင်သွေး အမောင်တပ်သားပြည်ချစ်သားတို့
    နေပူမိုးရွာမှဲ့ခြင်ယင်ကိုက်
    ဒိထက်ဆိုးတဲ့အာဏာရှင်ကို
    ဖြုတ်ချဖို့ရိုးသားကြိုးစားလာရာ
    လမ်းကိုမျော်နေကြပြီ
    မြန်လေကောင်းလေပြာပုံထဲကရုန်း
    ထွက်ရလဲကြံ့ကြံ့ခံဖို့စောင့်စားနေ
    သည့်/ပြည်သူများ

  4. ပြည်သူ့ရင်သွေးpdfများဘေးရန်ကင်းပီးအောင်ပွဲအစဥ်ရပါစေ

  5. တော်လှန်ရေးဟာ CDM တွေနဲ့ Balance ညှိဖို့တော့ လိုပြီဗျ။ အခုဆို CDM တွေအနေနဲ့ ၂ လပိုင်းက စရင် အခု ၆ လပိုင်းရောက်ပြီဆိုတော့ ငါးလမြောက် ရှိခဲ့ပြီ။ တော်လှန်ရေးဟာ နောက်ထပ် ဘယ်လောက်ကြာမလဲ။ CDM တွေအနေနဲ့ နောက်ထပ် လ,ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ထည့်တွက်ရတော့မယ်။

    ပြောချင်တာက CDM တွေအများစုဟာ ဘာထောက်ပံ့ကြေးမှ မယူဘဲ ရပ်တည်နေရတာတွေရှိနေတယ်။ ရလိုဇောနဲ့ ပြောတာ မဟုတ်။ မိသားစု ရှိသူတွေ၊ အိမ်ငှါးနေရသူတွေအတွက် ထည့်တွက်ရမယ်။ သူတို့ တကယ်ရဲရင့်လို့ ဓမ္မတရားဘက်က ရပ်တည်ခဲ့ကြသူတွေ။ ဒါမယ့် လွမ်းရေးထက် ဝမ်းရေး ရှိတယ်။ တကယ်ခက်ခဲသူတွေ ကျွန်တော့်ဆီ လာရင်ဖွင့်ကြတော့ ကျွန်တော့်မှာ မကူညီနိုင်လို့ စိတ်မကောင်းရဘူးဗျာ။

    ဆိုတော့ခါ တော်လှန်ရေးကို အမြန်အကောင်အထည်ဖော်နိုင်မလား ( သို့မဟုတ် ) တကယ်ခက်ခဲနေတဲ့ CDM တွေအတွက် ဆက်လက်တောင့်ခံနိုင်အောင် ဘယ်ပုံ ဘယ်နည်းနဲ့ ကူညီကြမလဲဆိုတာ ခုချိန် မေးခွန်းတစ်ခု ဖြစ်လာပါပြီ။ ဒီတော်လှန်ရေးမှာ CDM တွေဟာ ထောက်တိုင်တစ်ခုအဖြစ် ပါဝင်နေကြတာပါ။

    CRPH အနေနဲ့ Supporting လုပ်တယ် ကြားပေမယ့် မြေပြင်ကို မရောက်တာ တွေ့ရတယ်။ NGO တွေလည်း လုံခြုံရေးအရ Support မလုပ်နိုင်တော့ပြီ။ ဒီတော့ ဘယ်လို အဖြေရှာကြမလဲ။ ဒီကြားထဲ စစ်ဘေးရှောင်တွေက်ုလည်း အဓိက မလှူလို့ မဖြစ်ကြတဲ့အခြေအနေ။ ဒီလိုအကြပ်အတည်း ကာလမှ ပြန် Non သွားကြသူတွေအတွက် ဝမ်းနည်းနေကြရုံသာ။

    14.6.2021

  6. ” မီးကုန် ယမ်းကုန် ရိက္ခာကုန်
    တပ်တွင်းသူပုန်ထလိမ့်မည် ” ဆိုတဲ့ တဘောင်ကို
    “အများ” ပြည်သူတွေ ထိထိမိမိ သုံးကြပါ။

    ဖယ်ခုံမြို့နယ်မှာ မအလတပ်က
    စစ်ဘေးရှောင်တွေဆီ ပို့မယ့် ရိက္ခာတွေကို ဖျက်ဆီး။
    ဒါဟာ ပြည်သူကို ဖြတ်လေး ဖြတ် ထိုးစစ် ဆင်နေတာပဲ

    ဖက်ဆစ်တော်လှန်ရေးဟာ
    Total War ဘက်စုံစစ်ပွဲကြီး ဖြစ်တယ်

    မြို့ပြပျောက်ကြားနည်းတွေ
    တောတွင်းပျောက်ကြားနည်းတွေ
    ပျောက်ကြားသပိတ်တွေနဲ့
    တိုက်နေသူတွေ နဲ့ ထပ်တူ

    CDM ဝန်ထမ်းတွေဟာလည်း
    အရေးတော်ပုံတပ်သားတွေ ဖြစ်တယ်

    CDM တွေဟာ
    ” ငါ ငတ် .. သူ သေ ” နည်းကို သုံးနေတာပါ
    ငတ်လို​့ မသေဘူး
    မအလတပ်ကို လုပ်ကြွေးသမှု ပြုနေတဲ့ ယန္တရားကြီးကို
    ရပ်တန့် ပစ်တာ ၊ အခွန် ဝင်ငွေ ရိက္ခာဖြတ်တာ တွေဟာ
    မအလ တပ် သေမယ့်နည်းပဲ။

    ဝန်ထမ်း CDM တွေ အပြင်
    ပြည်သူ CDM တွေရော
    CDF, KPDF, KNU, KIA
    PDF တွေပါ

    ဒီတဘောင်ကို ဉာဏ်ရှိသလို
    ချဲ့ထွင် တွေးဆဖို့လိုတယ်

    ” မီးကုန် ”
    လျှပ်စစ်၊ လောင်စာ၊ လေယာဉ်ဆီ၊ စက်သုံးဆီ စတဲ့
    မအလ ယာဉ်တွေ၊ လုပ်ငန်းတွေကို ပေးနေတဲ့
    စွမ်းအင် အရင်းအမြစ်တွေကို ဖျက်ဆီးပါလို့ ဆိုလိုတယ်

    ” ယမ်းကုန်”
    လက်နက် ခဲယမ်း စစ်ယဉ်ရထား
    လေယာဉ်ကွင်း လက်နက်စက်ရုံစတဲ့
    မအလရဲ့ တိုက်ခိုက်ရေး လက်နက်ကိရိယာ တွေနဲ့
    အဲဒါတွေရဲ့ အရင်းအမြစ်လုပ်ငန်းတွေကို ဖျက်ဆီးပါလို့ ဆိုလိုတယ်

    “ရိက္ခာကုန်”
    စားနပ်ရိက္ခာ၊ အခွန်၊ ဝင်ငွေ၊ အလုပ်အကြွေး စတဲ့
    ​မအလတပ်ကို ပြည်သူနဲ့ ဝန်ထမ်းတွေက
    ထမင်းတင်ကြွေးထားတာတွေ၊
    အမှုဆောင်ရွက်ပေးနေတာတွေကို ဖြတ်တောက်ပါ
    မအလ စစ်ခရိုနီတွေရဲ့ စီးပွါးရေး လုပ်ငန်းကို ဖြတ်တောက်ပါ
    တိုက်ပွဲ မှာ ရိက္ခာလမ်းကြောင်း ကို
    ကြားဖြတ်တိုက်ပါ ဖျက်ဆီးပါ

    အမာကို ရှောင် အပျော့ကို တိုက် ဆိုတဲ့
    ပျောက်ကြားနည်းဟာ
    စစ်ရေး အရေးတော်ပုံရော
    စီးပွါးရေး အရေးတော်ပုံမှာ
    ” မီးကုန် ယမ်းကုန် ရိက္ခာကုန် ” ထိုးစစ်ဗျူဟာနဲ့
    တပြိုက်နက် တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်

    မအလတပ်ဟာ ကြေးစားတပ် ဖြစ်တယ်။ ကြေးစားတပ်ဟာ ထမင်းအငတ် မခံနိုင်ဘူး ။ ခံယူချက်နဲ့ စစ်တိုက်နေတာ မဟုတ်ဘူး။

    ရိက္ခာကုန်တာနဲ့ အမိန့်မနာခံမှု၊ အမိန့် ကို လျစ်လှူရှုမှု၊ တာဝန်ပျက်ကွက်မှု၊ အကွဲအပြဲ တွေ ကတဆင့်

    တပ်တွင်း ပုန်ကန်မှု ကြီး ဖြစ်လာမယ်။

    ငတ်လို့ ပုန်ကန်တာလား၊ အမြင်မှန်လာ လို့ ပုန်ကန်တာလား ဆိုတာတော့ …. အဲဒီအချိန်ကျမှ ပြောကြတာပေါ့

    အခု တိုက်နေတဲ့ စစ်ပွဲဟာ …

    တိုင်းရင်းသားတွေ အနှစ် ၇၀ တိုက်နေတဲ့ တောတွင်းပျောက်ကြားစစ် မဟုတ်ဘူး။

    နိုင်ငံရေး ၊ စီပွါးရေး၊ လူမှုရေး ဘက်စုံ တိုက်ခိုက်မှုနဲ့ မြို့ပြပျောက်ကြားတွေ ဘက်စုံပါဝင်နေတဲ့ Total War ဖြစ်တယ်။

    ဒီနေ့ မအလ စစ်တပ်မှာ ဒီလို ဘက်စုံစစ်ပွဲကို တကြိမ်တခါမှ မတိုက်ဖူးခဲ့ဘူး။ သူတို့ တုန်လှုပ်ခြောက်ခြားနေကြပြီ

    ဒါမျိုး ဒီမြေပေါ်မှာ နှစ်ကြိမ်ပဲ ပေါ်ပေါက်ခဲ့ဖူးတယ်

    ပထမတကြိမ်လည်း အောင်မြင်ခဲ့တယ်။

    ဒုတိယတကြိမ်လည်း အောင်ရမည်

  7. သေချာတာက ဘယ်အရာပဲ ဖြစ်ဖြစ် တခုလိုချင်ရင် တခုတော့ပေး
    ဆပ်ရမှာပဲ ထာဝကောင်းဖို့အတွက် တခဏတာပေးဆပ်ရတာကို များတယ်ကြာတယ်
    မထင်ကြပါနဲ့ ခုချိန်အတ္တ
    စိတ်တွေဖယ်ပီကြည်ဖို့လိုအပ်လိမ့်မယ်
    ငါတို့ပေးဆပ်ရတယ်ဆိုတာမတွေးပဲ ငါတို့သား
    စဥ်မြေးဆက်ကောင်းစားရမယ်ဆိုတာ
    တွေးကြပါ မောတ္တာဖြင့်ပါ အားလုံးကိုလေးစားလျှက်

  8. ဟုတ်တယ်မျှော်လင့်နေကြပီPDFတွေကိုကြိုဆိုပါတယ်❤️

  9. PDF အဖွဲ့များကိုလက်နက်ရအောင် ပို့ပေးစေချင်ပါတယ် ။ လှူဆ်ုရင်လည်းရှိသလောက်ဝိုင်းလှူမှာပါ

  10. လုပ်စရာမရှိ …….သန်းရှာနေတာလားဗျ အဲ့လောက်တောင် သတင်းတင်ဆက်စရာရှားနေတာလားဗျ အခုချိန်ထိ ၄လကျော်လာပြီ မြေပြင်မှာဘာမှမလုပ်နိုင်သေးဘူး တစ်နေ့actionနောက်ကျလေ နိုင်ငံက ဆင်းရဲမှုဇောက်ထိုးကျလေ မသိကြတာလား

  11. အလွမ်းသတင်းကြီးတဲ့ အလွမ်းမင်းသမီး says:

    PDFဘေးကင်းပါစေအရေးတော်ပုံအောင်ရမည်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.