“PDF လာပြီ”
(ဒို့စစ်သည်တွေ ညီရဲ့လားဟေ့ … ညီတယ်ဟေ့ ညီတယ်ဟေ့)၃
နွေဦးက အစတည်
ပြည်သူ့ရဲ့ စစ်သည်
ဖက်ဒရယ်ဒီမိုကရေစီအရေး ဦးထိပ်ပန်ရည်
အမိုက်တရားများ ရှင်းထုတ်ဖယ်ကာ
အမှန်တရားအလင်း ထွန်းညှိတည်
မိစ္ဆာဝါဒီ နိဂုံးချုပ်ရမည်
ပြည်သူ့ကာကွယ်ရေးတပ်မတော် တက်ချီလာပါပြီ
ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်မည်
ပြည်သူလိုလားတောင့်တနေပြီ ဖက်ဒရယ်ပြည်သစ်ဆီ
ဘေးမသီရန်မခ ရောက်အောင်ပို့ဆောင်မည်။
တရားမျှတလွတ်လပ်ခြင်းအတွက် PDF လာပြီ
ခွင့်တူညီမျှ ငြိမ်းချမ်းရမည် ပြည်ထောင်စုသစ်သည်
ဉာဏ်ပညာက ရှေ့ဆောင်နိုင်မည် ဖြူစင်ဝါဒတည်အာဏာရှင်စနစ် ငါတို့အမြစ်ဖြတ်မည်။
#SpringRevolution
#PVTV
Like – 102K Share – 30550