ONE DAY CHALLENGE လှုပ်ရှားမှုက ၆ ကြိမ်မြောက်အဖြစ်နဲ့ ဒေါ်လာတစ်သိန်းနဲ့ ညီမျှတဲ့ ဝမ်ငွေကို အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ပံ့လှူဒါန်း
မတ် ၁၉ ၊ ၂၀၂၂
ONE DAY CHALLENGE လှုပ်ရှားမှုကနေပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကို လှူဒါန်းလာခဲ့တာ အခုဆိုရင် ၆ ကြိမ်မြောက်အဖြစ်နဲ့ ဒေါ်လာတစ်သိန်းနဲ့ ညီမျှတဲ့ ဝမ်ငွေတွေကို မတ် ၁၇ ရက်မှာ ပေးအပ်လှူးဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အခုလို ဒေါ်လာတစ်သိန်းနဲ့ ညီမျှတဲ့ ဝမ်ငွေ ၁၂၂,၈၀၀,၀၉၈ ကို ထောက်ပံ့လှူဒါန်းရာ အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ထောက်ပံ့ငွေကို ကောင်းစွာလက်ခံရရှိတဲ့အကြောင်း မှတ်တမ်းဂုဏ်ပြုလွှာကို မတ် ၁၈ ရက်မှာ ပေးအပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ONE DAY CHALLENGE ထည့်ဝင်ငွေကို အခွန်ငွေအဖြစ် သတ်မှတ်ပြီး၊ ၆ လ တစ်ခါ အခွန်လက်မှတ် ထုတ်ပေးနေပြီလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ပေါ်ထွန်း လာရေး အတွက် ONE DAY CHALLENGE လှုပ်ရှားမှုမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ကြတဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကို အထူး လေးစား ဂုဏ်ယူ ကျေးဇူးတင်တယ်လို့ ONE DAY CHALLENGE လှုပ်ရှားမှုဆိုင် ရာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့တဲ့ ONE DAY CHALLENGE လှုပ်ရှားမှုအား ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့မှာ စတင်ခဲ့တာပါ။
လက်ရှိ ONE DAY CHALLENGE လှုပ်ရှားမှုမှာ ကိုရီးယားရောက် မြန်မာနိုင်ငံသား အဖွဲ့ဝင် ၁၇၁၂ဦး ရှိပြီး လစဉ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံကို ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၆၀,၁၀၀,၀၀၀(စာသားဖြင့် – ဝမ်သိန်း တစ်ထောင် ခြောက်ရာ တစ်သိန်း)ကို ထောက်ပံ့နိုင်မှာဖြစ်ပါတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။