NUGPay ရဲ့ Pilot Project ကို မကြာခင်စတင်တော့မှာဖြစ်တယ်လို့ ကြေညာ

NUGPay ရဲ့ Pilot Project ကို မကြာခင်စတင်တော့မှာဖြစ်တယ်လို့ ကြေညာ
ဇွန် ၂၃ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေတဲ့ NUGPay စီမံကိန်းကို အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်လွှမ်းမိုးမှု ကင်းပြီး လုံခြုံစိတ်ချရတဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အတူ Pilot Project ကို မကြာခင်စတင်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါ တယ်။

ကြေညာချက်ထဲမှာတော့ NUGPay စီမံကိန်းက တော်လှန်ရေး အင်အားစုတွေအတွင်းကို လုံခြုံစွာ ငွေကြေးလှည့်ပါတ် စီးဆင်းနိုင်စေရန်နဲ့ စစ်ကောင်စီရဲ့ထိန်းချုပ်မှုကင်းတဲ့ ငွေကြေးဝန်ဆောင်မှုတစ်ရပ် တ ည်ဆောက်နိုင်ရန် အဓိကရည်ရွယ် ချက်နဲ့ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရေရှည်စီမံကိန်းတစ်ခုဖြစ်ပြီးတော့ ငွေကြေးဝန်ဆောင်မှုကဏ္ဍဖြစ်တယ်လို့ ဆိုထားသလို NUGPay မှာရှင်းလင်းပြတ်သား တဲ့ ဦးတည်ချက်တွေရှိပြီး လက်ရှိ Pilot Project ကနေစတင်ကာ တစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးဂေဟစနစ် တစ်ခုဖြစ်အောင် ဖြည်းဖြည်းမှန်မှန် ခြေလှမ်းတွေနဲ့ တိုးချဲ့သွားမှာဖြစ်တယ်လို့ ဆိုထား ပါတယ်။

Pilot Project ကို အေးဂျင့် “၁,၀၀၀” ဦး၊ NUGPay Wallet စုစုပေါင်း “၁၀,၀၀၀” နဲ့ ကနဦး စတင်သွားမှာဖြစ်ပြီး အဆိုပါ Wallet တွေစျေးကွက်ထဲမှာ လည်ပတ်သွားတဲ့အခါ ဆက်လက်တိုးချဲ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.