NUGPay က အင်တာနက်စာမျက်နှာကို တရားဝင်ထုတ်လွှင့်
ဇွန် ၂၈ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ဆောင်နေတဲ့ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) အတွက် NUGPay ကနေပြီး အင်တာနက်စာမျက်နှာကို တရားဝင်ထုတ်လွှင့်လိုက်ပါပြီ။
NUGPay Website မှာ အမေးများတဲ့ မေးခွန်းနဲ့ အဖြေတွေ၊ သိသင့်တဲ့ အချက်အလက်တွေအပြင် NUGPay Hotline ကို ထည့်သွင်းထားပြီး အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
အသုံးပြုတဲ့သူတွေအနေနဲ့ NUGPay Application ကို အသုံးရာမှာ အခက်အခဲတွေ ရှိရင်လည်း အဲဒီ Website ရဲ့ Hotline ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်သလို NUGPay Customer Support Team ကလည်း ပြန်လည်ဖြေကြားမှု တွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
NUGPay ကတော့ မေးမြန်းသူတွေ များပြားတဲ့ အခြေအနေအချို့မှာ Customer Support က အကြောင်းပြန်ဖို့ နောက်ကျ တဲ့အခါမျိုးတွေမှာ နားလည်ပေးနိုင်ဖို့အတွက်လည်း မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။
NUGPay ရဲ့ Website Link က https://nugpay.app ဖြစ်ပြီးတော့ မြန်မာဘာသာအနေနဲ့ https://nugpay.app/mm ဖြစ် တယ်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
#NUGPay
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။