NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာ တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့က စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ဟု ထီးလင်း PDF အသိပေး
ဇူလိုင် ၁၀ ၊ ၂၀၂၂
စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီကနေ့ ဇူလိုင် ၁၀ရက်မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ဂန့်ဂေါခရိုင်တာ၀န်ခံနဲ့ ထီးလင်းမြို့နယ်တာ၀န်ခံ ၊ထီးလင်းမြို့နယ် ကြားကာလအုပ်ချုပ်ရေးအဖွဲ့၀င်တွေ၊ People’s Defence Force – Htilin (YRPA)က Medical Teamအဖွဲ့၀င်တွေ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်တွေက အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့လို့ ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာမှာ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူတွေကို တက်နိုင်တဲ့ ဘက်က ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြဖို့ မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။