“NUG အစိုးရ (အမျိုးသားညီညွတ်ရေးအစိုးရ)အနေနဲ့တော့ တရားဥပဒေမျှတရေး၊ တချိန်တည်းမှာပဲ လူ့အခွင့်အရေးထွန်းကားရေးနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်နေပါတယ်။ အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရမယ်ဆိုတဲ့အသိစိတ်နဲ့ မွေးဖွားလာတဲ့ PDF လို့ခေါ်တဲ့ (မြို့နယ်အလိုက်)ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း နည်းပေါင်းစုံနဲ့အကူအညီပေးနေပါတယ်။ အများကြီးလိုအပ်ချက်ရှိလို့ပါ။ ဒါပေမယ့်ကျွန်တော်တို့ရဲ့ တတ်နိုင်သမျှ၊ ရနိုင်သမျှအခွင့်အလမ်းကို အသုံးပြုပြီးတော့ လုပ်ဆောင်သွားပါမယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ စစ်အာဏာရှင်အုပ်စု ဘယ်လိုမှ အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်လို့ မရအောင် အမြန်ဆုံး အာဏာသိမ်းထားမှုကနေ ဖယ်ရှားနိုင်ဖို့အတွက် သံတမန်နည်းအရလည်း လုပ်ဆောင်နေပါတယ်။
ဦးအောင်မျိုးမင်း
ပြည်ထောင်စုဝန်ကြီး
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#SpringRevolution
#PVTV
Like – 13K Share – 1138