NUG အစိုးရအနေနဲ့ CDM ပြုလုပ်နေတဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေနဲ့ တသားတည်းရှိကြောင်းထုတ်ပြန်

NUG အစိုးရအနေနဲ့ CDM ပြုလုပ်နေတဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေနဲ့ တသားတည်းရှိကြောင်းထုတ်ပြန်

ဒီဇင်ဘာ ၂၂၊ ၂၀၂၁

အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန အနေနဲ့ CDM ပြုလုပ်တဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနဲ့ တစ်သားထဲ ရပ်တည်ကြောင်း ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့လဲ CDM ဝန်ထမ်းတွေကို မတရားဖိနှိပ်ခွဲခြားဆက်ဆံမှုကို အမြန်ဆုံးရပ်တန့်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါအပြင် ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တရားမဝင်တဲ့ တရားစီရင်ရေးကို အသုံးပြုပြီး CDM ပြုလုပ်နေတဲ့ ဘဏ်ဝန်ထမ်းတွေအပေါ် မတရားဖိနှိပ်ခြိမ်းခြောက်မှုတွေကို အထူးရှောင်ရှားဖို့ အရင်ကြေငြာချက် ၇/၂၀၂၁ ကို တိတိကျကျ လိုက်နာဖို့ NUG အစိုးရ စီမံဘဏ္ဍာဝန်ကြီးဌာနက ထပ်မံသတိပေးလိုက်တာ တွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.