NUG ဝန်ကြီးများကိုဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ်အမိန့်ပေးတယ်ဆိုပြီး သတင်းအမှားဖြန

NUG ဝန်ကြီးများကိုဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ်အမိန့်ပေးတယ်ဆိုပြီး သတင်းအမှားဖြန့်ဝေနေ

လူမှုမီဒီယာတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်နဲ့တယ်လီဂရမ်ချယ်နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံတဲ့ အကောင့်တွေ စာမျက်နှာတွေနဲ့ ဂရုတွေမှာ နိုဝင်ဘာလ ၁၃ရက်ညပိုင်းကစပြီး သတင်းအမှားတစ်ခုကိုဖြန့်ဝေနေတာကို PVTV ရဲ့ အချက်အလက်စစ်ဆေးသူတွေကသတိပြုမိပါတယ်။

အဲ့ဒီသတင်းအမှားအကြောင်းအရာကတော့ ထိုင်းနိုင်ငံအတွင်းမှာပုန်းခိုနေတဲ့ NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဖမ်းဆီးဖို့အတွက် ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ ပရာယွတ်ချန်အိုချာက အမိန့်ပေးထားပြီးတော့ ထိုင်းနိုင်ငံအတွင်း ပုန်းခိုနေသော NUG အဖွဲ့ဝင်များကို လိုက်လံရှာဖွေဖမ်းဆီးသွားမည် လို့ ထိုင်းဝန်ကြီးချုပ်က အိမ်စောင့်အစိုးရအဖွဲ့ကို ကတိပြုခဲ့ကြောင်းနဲ့ ထိုင်းနိုင်ငံအတွင်းမှာ NUG အဖွဲ့အတွက် အလှူငွေတွေကောက်ခံပေးနေတဲ့သူ ၆ဦးကို ဖမ်းဆီးရမိထားတယ်လို့ မြန်မာသံရုံးကိုအကြောင်းကြားထားတယ်ဆိုပြီးတော့ ရေးသားဖြန့် ဝေနေတာဖြစ်ပါတယ်။

■ဒီသတင်းကို အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ ထိုင်းနိုင်ငံအခြေစိုက်တရားဝင်ရေးသား ထုတ်ဝေနေတဲ့ နာမည်ကျော်သတင်းဌာနတွေဖြစ်တဲ့ ဘန်ကောက်ပို့စ်၊ နေးရှင်းသတင်းစာ ထိုင်းရတ် သတင်းစာ စတဲ့သတင်းဌာနတွေမှာ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းကို လုံးဝ မဖော်ပြထားပါ ဘူး။

■ဒါ့အပြင် အခုဖြန့်ဝေနေတဲ့သတင်းအမှားဟာ လွန်ခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်ကတည်းက ဖြန့်ဝေခဲ့ပြီးသားသတင်းအမှားအကြောင်းအရာဖြစ်ပြီးတော့ အဲ့ဒီတုန်းက PVTV ရဲ့ သတင်းလားဂျင်းလား အစီအစဉ်ကနေ ဖော်ထုတ်ခဲ့ဖူးပါတယ်။ အဲ့ဒီ သတင်းလားဂျင်းလား အစီအစဉ်ရဲ့ ဗီဒီယိုကို ဒီလင့် ​​​​shorturl.at/oHSW3 မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

■ NUG အစိုးရရဲ့ အရေးကြီးတဲ့သတင်းစာရှင်းလင်းပွဲတွေပြုလုပ်တာမျိုးနဲ့ အရေးကြီးတဲ့သတင်းထုတ်ပြန်ချက်တွေကိုထုတ်ပြန်တဲ့အခါမျိုးမှာ သတင်းအကြောင်းအရာကို လူမှုမီဒီယာမှာဖုံးလွှမ်းသွားစေဖို့ရည်ရွယ်ပြီးတော့ အကြမ်းဖက်စစ်အုပ်စု ထော်ကခံသူတွေက ဒီလိုမျိုး သတင်းအမှားတွေကိုဖြန့်ဖြူးလေ့ရှိတာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၁၆ရက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမတိုင်ခင် မှာ တမင်ရည်ရွယ်ပြီး အချိန်ကိုက် သတင်းအမှားကို ဖြန့်နေကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် အပေါ်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုအား ပေးထောက်ခံသူတွေဖြန့် နေကြတဲ့ NUG ဝန်ကြီးများကိုဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ်အမိန့်ပေးတယ် ဆိုတဲ့သတင်းက ဂျင်းသတင်း/ သတင်းအမှား ဖြစ်ကြောင်းကို အသိပေးချင်ပါတယ်။

#Disinformation
#PVTV_Fact_Check
#NUG

Add your reaction

  1. ဧရာ၀တီမှာ ဒီလို တင်ဖူးတယ်ဗျ ၊https://www.irrawaddy.com/news/burma/thai-police-under-orders-to-arrest-members-of-myanmars-shadow-govt.html

  2. NUG ဝန်ကြီးအဆင့်မ​ပြောနဲ့ပန်ဆယ်လိုလို့မိန်းမမျိုး​တောင်စာရွက်နဲ့ US ​ရောက်သွားတာ NUG လို့အသိအမှတ်ပြုခံထားရတဲ့ဝန်ကြီး​တွေဆို​​လေယဥ်အချိန်မ​ရွေးတက်လို့ရတာမသိကြဘူးနဲ့တူတယ်

  3. ထိုင်း ဒုဝန်ကြီးချုပ်မအလနဲ့လှို့ဝှက်လာတွေ့တာအဲဒီအကြောင်းပါလိမ့်မယ်

  4. မဟုတ်သတင်းတွေရေးပြီးတော့ကို သူတို့ကို သူတို့ ကာကွယ်နေရပြီထင်တယ်။

  5. ဂျင်းသတင်း/ သတင်းအမှား ဖြစ်ကြောင်းကို အသိပေးချင်ပါတယ်။

  6. ခိုးဝင်လုပ်သား တွေကိုတောင် pdf ဆို ဖွ နေကြတာ သူတို့ဉာဏ်လေး မှီသလောက်နဲ့ တစ်ကောင် ယုံလဲ မနဲဘူး ဆိုပြီး ..
    တရားဝင် page တွေ ဆိုတာကလည်း သူတို့မှာ က ရှိမှမရှိတော့တာ

  7. ဖမ်းဘို့နေနေသာသာ ထိုင်းတောင် ယူအက်စ်အားကိုးနဲ့နေနေရတာ…နှစ်စဥ် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်တဲ့မဟာမိတ်တွေလေ..ဘယ်ဖမ်းရဲမလဲ..ယူအက်စ်လုပ်ချင်ရင် ဘာမဆိုဖြစ်တယ်..( အီရတ် ၊ အာဖဂန် ၊ ကိုဆိုဗို)

  8. အရူးတွေnugကိုမနိုင်မှန်သိတော့အရူးကွက်တွေလှည့်ကစားနေတာ

  9. ဘယ်သူအဖမ်းခံရမလဲဆိုတာမသိဘဲနဲ့ပြောနေတာတကယ်အဖမ်းခံရမှာကကြင်စိုးတီု့လို့ပြောတယ်

  10. သတိဆိုတာပိုတယ်မရှိပါ။
    သူတို့ကအာဏာရူးချင်းမို့သတိထားတာကောင်းပါလိမ့်မယ်။

  11. Interpol က အကြမ်းဖက် မင်းအောင်လှိုင်ကိုပဲ ဖမ်းမှာပေါ့။

  12. သူက ဘာကောင်မို့လို့ လဲ အမိန့်ပေးရအောင် သတင်မှားဖြနိ့တဲ့ကောင် $ရူး

  13. 😁😁😁😁😁တရုတ်မှာရောက်နေတာကို
    ထိုင်းကဖမ်းမယ်ဆိုတော့
    အူကိုနာနေတာပဲ😂😂😂😂😂😂😂

  14. ဘောမတွေ လက်ချက်နေမှာ ဂျင်းကောင်တွေ😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂

  15. ဟိုပထွေးလှမ်းအားကိုးဒီပထွေးလှမ်းအားကိုးလုပ့်မနေနဲ့ကိုယ်တိုင်သွားပြီးဆီဗူးလေးပါထဲ့သွားရင်ပိုအစဉ်ပြေမယ်လို့ထင်ပါတယ်။

  16. သတင်းတွေအားယားပြီးမှားယားပြီးလွှင့်မနေနဲ့ ထိုင်းဝွန်ကြီးချုပ်ကမင်းအောင်လှိုင်လုပ်ကြတ်မပြည့်မှန်းမှတ်မနေနဲ့သူပေါ့သေးသေးလူစားမျိုးမဟုတ်ဖူးမင်းအောင်လှိုင်ကအတင်းဝင်အတင်းထွက်အတင်းထိုးပေးနေလို့ပြောဆိုနေတာ အဲ့မင်းအောင်လှိုင်ကခွေးတွေချီးစားချင်ဖင်ကိုရက်ခွေးတွေချီးစားဝရင်ဖင်ကိုကိုက်အဲ့တာမင်းအောင်လှိုင်အကျင့်စိတ်ဓတ်

  17. မှန်တာပေါ့ သတင်းမှန်ရင် ဘန်ကောက်ပို့ နဲ့ထိုင်းသတင်းတွေက တက်မှာပေါ့ မအလ အဖွဲ့ဂျင်းထဲ့

  18. အခုတလော NUG နဲ့ pdf နဲ့ ပြည်သူကြား နားလည်မှု လွဲတဲ့ သတင်းတွေ တော်တော် ပျံနေတာ တွေ့ရ တယ် ။ မအလ ဆီကို ဘယ်သူလာသွားတယ် ဘာတယ်ပေါ့ မအလက သံတမန်ရေး ရနေပြီပါပြီပေါ့ အထူးသတိထားဖို့လိုနေပါပြီ fake newsတွေပါ

  19. ဘယ်လိုဂျင်းလာလာငါတို့ ကမယုံဘူးဖြန့် တဲ့ခွေးအချင်းချင်းဘဲယုံမှာအမှန်တရားဆိုတာဖုံးကွယ်လို့ ကြာကြာမရပါဘူးတို့ အောင်မြင်နေတာမနာလိုလို့ သူတို့ ခွေးအချင်းချင်းစိတ်တတ်မြင့်တင်ပေးနေတာအရေးတော်ပုံအောင်နေပြီနေ့ သစ်ရဲ့ မနက်ဖန်တိုင်းမှာPDFတပ်မတော်အောင်ပွဲတွေနဲ့ အတူအနာဂတ်ကိုရေးကြမယ်

  20. ခေါင်ရိုတဲလူးစဉ်စာလို့ရတယ်ခေါင်ကြီတို့ရယ် ထိုင့်ဝန်ကြီချုက်က USကိုလုန်ရဲလာလို့ ခေါင်ကြီတို့သဘောပေါက်

  21. NUG
    ကိုယ်ကောင်းရင်
    ဂေါင်းရွေ့ရိုးထုံးစံမရှိ

  22. သတိထားရမှပေါ့ မအလ စကစတွေကကောင်းတာမှန်သမျှမလုပ်ဘူးလေးအာဏာရူးတွေနဲ့ပတ်သက်တာတွေဘယ်တော့မှမကြည်ဘူးဂရုစိုက်တယ်တင်မှပေါ့ NUG CRPH PDF ဘက်ကလဲ့လို့ဝှက်ချက်နဲ့လုပ်ရမှပေါ့ သတိပေးသလို့ဖြစ်လိမ်မယ်

  23. NUGဝန်ကြီးတွေကိုဖမ်းရအောင်မင်းအမေလိုးနေလိုးနေလို့လား

  24. မအလ မိန်းမကလေးတွေ ငါပြောရင်လည်းငါ့အကောက်ဖျက်အုံး

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.