NUG ရဲ့ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်

NUG ရဲ့ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်

ရောင်းချချိန် ၃ နာရီခွဲအတွင်း အမေရိကန်ဒေါ်လာ (၃) သန်း

#SpringRevolution
#NUGBond

Add your reaction

  1. ပြည်သူတွေ အဲသလောက်စည်းလုံးကြတာ ဂုဏ်ယူပါတယ် ဝယ်ယူသူတယောက်ချင်းဆီကိုအထူးကျေးဇူးတင်ပါတယ်

  2. တစ်နာရီ တစ်သန်းဆိုတော့ ဟိုဘက်ရပ်ကွက်ဆွေ့ဆွေ့ခုန်နေလောက်ပြီ
    တို့ပြည်သူတေညီရဲ့လားဟေ့✊

  3. အတိုးမရမှန်း သိပေမယ့် ပြန်ရမှာက လွတ်လပ်တဲ့
    ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးလေ မစောင့်နိုင်တော့ဘူး။

  4. ပိုက်ဆံချေးပြီး၀ယ်မယ်ကွာ လကုန်မှပြန်ပေးမယ် အတိုးနဲချေးမယ်

  5. ဒါတောင် လကုန်မှ အပီဝယ်ဖို့လူတွေ ရှိကြသေး။ တေးထားကြတာဆိုတာ😁😁😁

  6. ဓမ္မတရား အမှန်တရားအတွက် ဝမ်းသာစရာကောင်းပါတယ်။ ​
    နိုင်ရာထမ်းကြတဲ့ စိတ်ဓါတ်တွေ ဂုဏ်ယူ ​ကျေနပ်တယ်။

  7. ကိုယ်မဝယ်နိုင်တာပဲစိတ်မကောင်းဘူး လစာမရတာ ၈လရှိပြီမို့😭😢

  8. ပိုက်ဆံစုပြီးတာနဲ့ 100$ တော့ ဝယ်ပါမယ်။ အခု က အလုပ်မရှိသေးလို့ 😢

  9. ဝယ်ချင်တယ် ကူညီကြပါအုံးဗျ
    ဝယ်နည်းလေး please…. သဲတစ်ပွင့်ဖြစ်ချင်တယ်👌

  10. ခရစ္စတူးဘုရင်ဘုရားကျောင်း ဝင်ရောက်စီးနင်းခံရပြီးနောက် အဖမ်းခံရသူရှိ

    ကန္တာရဝတီတိုင်း(မ်)

    လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းကို ရဲ၊ စစ်သားအင်အားအများအပြားက ဒီမနက်ပိုင်းမှာ ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် နေ့ခင်းပိုင်းမှာတော့ ဘုန်းကြီး၊ စစ်စတာ၊ ဂရုဏာဆေးခန်းမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

    “ကိုယ်တော်ကော စစ်စတာလည်းပါတယ် တူတူခေါ်သွားတာ ရဲကားအငယ် ၂စီးနဲ့ နေ့ခင်း ၁နာရီလောက်ကထင်တယ်။ လူနာတွေလည်းလာခေါ်သွားတယ် ရွှေလွိုင်ကော်ကား ၅စီးနဲ့။ ထ၂ကျောင်းရှေ့ဖက်တစ်ဝိုက်လည်း ခုထိပိတ်ထားလို့ သွားလာလို့မရသေးဘူး။ ဓမ္မရုံဖက်မှာလည်း လူနာတွေရှိတယ် ဘုရားကျောင်းဝန်းထဲလည်း ရှိတယ်။” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

    ဘုရားကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားတဲ့ ကရုဏာဆေးခန်းမှာ နေရပ်အသီးသီးမှ ဒေသခံတွေ လာရောက်ကုသမှုခံယူနေကြပြီး လာရောက်ရှာဖွေစီးနင်းပြီးတဲ့နောက် မမေးမမြန်းဘဲနဲ့ လူနာတွေကို ပြောင်းရွှေ့မှုတွေ ပြုလုပ်နေတာရှိတယ်လို့ သိရပါတယ်။

    “သူတို့ ဒီမနက်ဆေးခန်းသွားပြကြတာ။ နောက် ရဲတွေ စစ်သားတွေ လာဝိုင်းနေတယ်။ သူတို့ အပြင်ထွက်လို့မရသေးဘူး။ စိတ်တော့မပူနဲ့ ဆိုတဲ့အထိတော့ သူက ဖုန်းနဲ့ စာရေးလာသေးတယ်။ အခုချိန်ထိတော့ အိမ်ပြန်မရောက်ကြသေးဘူး။” လို့ ဆေးခန်းသွားပြပြီး အိမ်ပြန်မရောက်သေးတဲ့ လူနာရှင်ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

    ဒေသခံတွေရဲ့မျက်မြင်တွေ့ရှိချက်အရ ကျောင်းတိုက်က ဘုန်းတော်ကြီးအပါအဝင်၊ စစ်စတာ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ ၁၀ယောက်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားတာကိုတော့ မသိရှိရသေးကြောင်း၊ ပြင်ပကနေ ဆေးခန်းလာရောက်ပြသသူတွေလည်း ပိတ်မိနေကြောင်း၊ ဘုရားကျောင်းရှေ့လမ်းမကြီးတစ်လျှောက် ရဲ၊ စစ်သားပူးပေါင်းအဖွဲ့မှ ကားလမ်းပိတ်ဆို့ပြီး နေရာယူထားမှုရှိနေဆဲလို့ သိရပါတယ်။

    ဓာတ်ပုံ – CJ

  11. ပိုက်ဆံစုနေရလို့ တို့တွေအတွက်လည်း ချန်ထားကြပါဦး😁
    မြန်ချက်😍😍

  12. အရေးတော်ပုံ အောင်မြင့်ဘိုအတွက်မြန်လေ ကောင်းလေ ပါဘဲ

  13. ဒါတောင်ကျွန်တော်တို့လိုအချို့တွေ ID မကျွမ်းကြင်လို့မဝယ်ရတေးဘူးနော်😍😍

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.