NUG ကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထ

NUG ကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဒီမိုကရေစီသူရဲကောင်းအဖြစ် International Republican Institute (IRI) က John McCain Freedom Award ဆု ချီးမြှင့်မည်
၈ အောက်တိုဘာလ ၂၀၂၁
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် အသံအမတ်ကြီးကျော်မိုးထွန်းကို ဒီမိုကရေစီသူရဲကောင်းအဖြစ် International Republican Institute (IRI) ကလာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာ John McCain Freedom Award ဆု ချီးမြှင့်မယ်လို့သိရပါတယ်။
Freedom Award ဆုရရှိသူတွေကတော့လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte ၊ ကုသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ် နိုင်ငံရေး အကျဉ်းသားတွေ အတွက် ပေါင်းစည်းညှိနိုင်းရေး ကောင်စီ ကိုယ်စားလှယ် Tatsiana Khomich နဲ့ ကျူးဘားနဲ့ဂျာမနီအနုပညာဆုရရှိထားတဲ့ Willy Chilino တို့ဖြစ်ကြောင်း Freedom Award က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဆုပေးပွဲကို ရီပတ်ဗလီကင် အထက်လွတ်တော် ခေါင်းဆောင် ဆီးနိတ်တာ Mitch McConnell၊IRI ဥက္ကဌ ဆီးနိတ်တာ Dan Sullivan၊ ဆီးနိတ်တာ Joni Ernst ၊ ဆီးနိတ်တာ Lindsey Graham နဲ့ ဆီးနိတ်တာ Rick
Scott တို့ တက်ရောက်ကြပါမယ်။
IRI ဟာ၁၉၉၅ ခုနှစ်မစပြီး Freedom Award ကို ဒီမိုကရေစီတိုးတက်မှုအတွက်ကတိကဝတ်ပြုတဲ့ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီ လွတ်လပ်မှုနဲ့လူသားလွတ်မြောက်မှု ၊ကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာသောလူတွေ အတွက်အခွင့် အလမ်းတွေဖန်တီးပေးခဲ့သူတွေကို ဂုဏ်ပြုတာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၉ ခုနှစ်မှာ Freedom Award ကိုရရှိခဲ့ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.