MNDAA နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ မုံးကိုးဒေသမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေထပ်မံတွေ့ရှိ
၂၀ နိုဝင်ဘာလ ၂၀၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာဒေသမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ ထပ်မံတွေ့ရှိတယ်လို့ MNDAAက ယနေ့(နိုဝင်ဘာ၂၀ရက်) ထုတ်ပြန်ထားတာတွေ့ရပါတယ်။
မုံးကိုးမှာ စစ်ကောင်စီနဲ့ MNDAAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAAက စစ်ကောင်စီရဲ့ တပ်မ(၉၉) စွန့်ပစ်ထားခဲ့တဲ့ လက်နက်ခဲယမ်းအများအပြားကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ဘယ်နေ့ ဘယ်နေရာမှာ တိုက်ပွဲဖြစ်ပွားတယ်ဆိုတာကိုတော့ အတိအကျဖော်ပြထားခြင်းမရှိပါဘူး။
MNDAAက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ လက်နက်ကြီးကျည်များ၊ ကျည်ဆံများ၊ စစ်သုံးခြင်းကြားများ၊ ကျည်အိမ်များနဲ့ ဆေးပစ္စည်းများ စုပုံထားတာကို တွေ့ရှိရပါတယ်။
#Springrevolution
#PVTV
#News