KNU ၊ KNPP ၊ CNF တို့ပူးပေါင်းပြီး ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ထောက်ခံပြီး ထပ်မံဖြည့်သွင်းရန် အချက်များကို ထုတ်ပြန်
ဇန်နဝါရီ ၂၀ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ပူးပေါင်းပြီး ကုလသမဂ္ဂ အထူးသံကိုယ် စားလှယ်ရုံးက ထုတ်ပြန်လိုက်တဲ့ မြန်မာ့အရေးကြေညာချက်ကို ထောက်ခံကြိုဆိုလိုက်ပြီးတော့ အဲဒီ ကြေညာချက်မှာပဲ ထပ်မံထည့်သွင်းပေးဖို့အချက်တွေကို ဖော်ပြပြီး တောင်းဆိုလိုက်တာပါ။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးတကြီးပေးပို့နိုင်ဖို့အတွက် အထူးသံကိုယ်စားလှယ်က အဆိုပြုထားတဲ့ နိုင်ငံတကာ “လူသားချင်းစာနာ ထောက်ထားမှုအပြင်” (Humanitarian Plus) ချည်းကပ်မှုနည်းလမ်းကို ညွှန်းဆိုထားတာဖြစ်ပြီးတော့ အဲဒီအချက်ကို အဖွဲ့ ၃ ဖွဲ့လုံးက ထောက်ခံတယ်လို့ ဆိုထားတာပါ။
မြန်မာနိုင်ငံအတွင်းမှာ လူသားခြင်းစာနာထောက်ထားမှုအကူအညီတွေကို အရေးပေါ်လိုအပ်နေတဲ့ဒေသတွေဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနဲ့ မကွေးကပြည်သူတွေဆီကို အကူအညီတွေရောက်ဖို့အတွက် ချဲ့ထွင်ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုထားပါတယ်။
“လူသားချင်းစာနာထောက်ထားမှုအပြင်” ချည်းကပ်မှုနည်လမ်းက မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင် ဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတာတွေက လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းတခုတည်းမဟုတ်ဘူးလို့လည်း ထောက်ပြထားပါတယ်။
မြန်မာပြည်သူတွေရင်ဆိုင်နေရတာက လူသားခြင်းစာနာမှုထောက်ထားမှု အကျပ်အတည်း အတိုင်းအတာနဲ့ နိုင်ငံရေးအကြပ်အတည်းက ထပ်တူကျနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီအချက်တွေကြောင့် ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုထားရတာလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တောင်းဆိုထားတဲ့ အချက်တွေကတော့ မြန်မာနိုင်ငံမှာ စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကိုကြေညာပြီး လိုက်နာမှုရှိစေဖို့အတွက် နိုင်ငံတကာက တာဝန်ယူစောင့်ကြပ်ပေးရန်၊ နိုင်ငံတကာအာမခံမှုနဲ့ အရပ်သားပြည်သူတွေ အကာအကွယ်ပေးအပ်တဲ့ လုံခြုံတဲ့နေရာတွေ(internationally guaranteed protection of Civilians-safe zones) အဖြစ်နေထိုင်ရန်နဲ့ ထောက်ပံ့ပေးဖို့လိုအပ်တဲ့ ကျေးရွာတွေ၊ ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေးရှောင် စခန်းတွေ၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေလို နေရာတွေကို တိတိကျကျသတ်မှတ်ကြေညာပေးရန်တို့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါ တယ်။
နိုင်ငံတကာအတိုင်းအတာနဲ့ ညှိနှိုင်းထားတဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်တွေကို ကြေညာပေးရန်၊ ယင်းနေရာ တွေကို ပိတ်ပင်တားဆီးတာမရှိဘဲ အကူအညီတွေကို လက်ခံရယူနိုင်တဲ့ နေရာတွေဖြစ်ဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။