KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်များ ဇွန်လအတွင်း တိုက်ပွဲ ၃၆၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၀၀ ကျော်သေဆုံး

KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်များ ဇွန်လအတွင်း တိုက်ပွဲ ၃၆၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၀၀ ကျော်သေဆုံး
ဇူလိုင် ၅ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ဇွန်လ အတွင်းက တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဘက်က ၄၁၀ ဦးသေဆုံးကာ ၃၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ်(BGF) တွေ အကြား တိုက်ပွဲ တွေနေ့စဉ် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သလို KNLA၊ KNDO၊ ပူးပေါင်းတပ်ဖွဲ့တွေဘက် ၁၇ဦး ကျဆုံးပြီး ၂၈ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

KNU ဒူပလာယာခရိုင် တပ်မဟာ (၆) ဒေသမှာဖြစ်တဲ့ ဥကရစ်ထ ဒေသတိုက်ပွဲဟာ ပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အလွန်အကျွံပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း လေကြောင်း ပစ်ကူတွေအလွန်အကျွံအသုံးပြုခဲ့ပြီး ဇွန်လ ၂၇ရက်မှ ၃၀ရက် လေးရက်တာ ကာလအတွင်း လေကြောင်းမှတိုက်ခိုက်မှုပေါင်း (၉၄) ကြိမ်ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.