-KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ ကြေညာချက်ကို ဗဟိုကော်မတီဝင်အများစု လက်မခံဘူးလို့ KNU ခေါင်းဆောင်တဦး ပြောကြားလိုက်တဲ့သတင်း
-မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးတဲ့မြို့နယ်တွေမှာ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကို ဂျပန်နိုင်ငံက ပံ့ပိုးကူညီ
-ဖေဖေါ်ဝါရီလ ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကြမ်းဖက်မှုဒဏ်ကနေ လွတ်မြောက်အောင် ထွက်ပြေးလာသူတွေကို ထိုင်းအစိုးရက အတင်းအကြပ်ပြန်ပို့မှာ မဟုတ်ဖူးလို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို ကတိပြုပြောဆို
-ကိုရီးယားနိုင်ငံက လူသားအရင်းအမြစ် အနုပညာကျောင်း (Saram School of Art) က အမျိုးသားညီညွတ်ရေးအစိုးရကို အလှူငွေပေးအပ် စတဲ့ PVTV ရဲ့ ညနေပိုင်းသတင်းအစီအစဉ်ကို တင်ဆက်ပေးလိုက်ပါတယ်။
#SpringRevolution
#PVTV
Like – 7.4K Share – 943