KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေမှာ ၆လအတွင်း စစ်ကောင်စီတပ်သား ၄၅၀ နီးပါးသေဆုံး
ဇူလိုင် ၉ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် တပ်မဟာ(၁) နယ်မြေမှာ ယခုနှစ် ၆လအတွင်းတိုက်ပွဲ ၂၀၉ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၄၅ဦးသေဆုံးကာ ၃၂၂ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)၊ ကရင်အမျိုး သားကာကွယ်ရေးတပ်(KNDO)နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း ၇ဦး ကျဆုံးပြီး ၈ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။
အခုနှစ် ၆လအတွင်းမှာ KNU နယ်မြေအားလုံးမှာ တိုက်ပွဲ ၂၆၈၆ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၂၀၈ ဦး သေဆုံး ခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအများဆုံးက KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေဖြစ်ပြီးတော့ တပ်မဟာ(၅)၊ တပ်မဟာ(၆) ဒူးပ လာယာခရိုင်၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင်တွေက စစ်ကောင်စီတပ်စခန်းတွေကို KNUနဲ့ ပူး ပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာတွေရှိပါတယ်။ စစ်ကော င်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သလို လက်နက်ခဲ ယမ်းတွေ ရရှိတာ၊ စစ်ကောင်စီတပ်သားတွေ အရှင်ဖမ်းမိတာတွေလည်းရှိခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအနေနဲ့လည်း KNU နယ်မြေတွေမှာ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။