KNU သထုံခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ KNLA တပ်ဖွဲ့တို့အကြား ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

KNU သထုံခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ KNLA တပ်ဖွဲ့တို့အကြား ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
ဒီဇင်ဘာ ၂၆၊ ၂၀၂၁

KNU သထုံခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂ တို့အကြား ၄ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီဝန်ကျင်းအချိန်မှာ KNLA တပ်ရင်း ၂ နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၇ တပ်ဖွဲ့တိုနဲ့ KNU – သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်အုပ်စု၊ ဆောဘိနားအနီးမှာ ထိတွေ့ ပစ်ခတ်မှု တွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီထိတွေ့မှုဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၅ ဦးသေ၊ ၆ ဦးဒဏ်ရာရခဲ့ပြီး KNLA ဘက် ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU – ကျိုက်ထိုမြို့နယ်၊ အင်ဂဘိုကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ရိက္ခာပို့ဖို့လာတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ ကားတန်းနဲ့ KNLA တပ်ရင်း ၃ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ကား တစ်စီး ပျက်ဆီးပြီး သေဆုံးမှုကိုတော့ မသိရပါဘူး။

ညနေ ၃ နာရီ မိနစ် ၃၀ ခန့်မှာတော့ KNLA တပ်ရင်း ၃ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ – ၂ စခန်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးဒဏ်ရာရခဲ့ပြီး KNLA ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီ ၄၄ မိနစ်မှာတော့ KNU-သထုံမြို့နယ်၊ ဝီယော်ကျေးနယ်အုပ်စု၊ ဝီယော်ကျေးရွာမှာရှိတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ စခန်းကို KNLA တပ်ရင်း(၂)နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဝီယော်စခန်းက အကြမ်း ဖက် စစ်ကောင်စီရဲ့ တပ်တွေက လက်နက်ကြီး ၁၂ လုံးကို အနီးတဝိုက် ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ခဲ့တယ် လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ နှစ်ဖက်လုံး ထိခိုက်မှုမရှိဘူးလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲမှာ KNU-ဖားအံ့မြို့နယ်၊ ကျုံမသွယ် ကျေးနယ်အုပ်စု၊ နို့ဖိုးမိုရှိ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖြစ်တဲ့ ခမရ ၄၀၉ တပ်ဖွဲ့နဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတို့အကြား ပစ်ခတ်မှုတွေဖြစ်ပွား ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးပါဘူး။ KNLAဖက်က တော့ ထိခိုက်မှုမရှိခဲ့ပါဘူး။

အဲဒီနေ့ ညနေ ၂ နာရီခန့်မှာပါပဲ KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တို့က KNU-ဖားအံ့မြို့နယ်၊ ကျုံမသွယ် ကျေးနယ်အုပ်စု၊ ဝတ်ကြီးမှာ ရှိတဲ့ ရဲစခန်းကို ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး စခန်းကို မီးရှို့ဖျတ်ဆီးခဲ့ပါတယ်။

ယခု ရက်သတ္တပတ်အတွင်းမှာပဲ KNU-ဘီးလင်းမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်နဲ့ လက်အောက်ခံတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်နေပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ခမရ ၁၀၁ တပ်ဖွဲ့က တပ်သားတွေက ဒီဇင်ဘာ ၂၁ ရက်က အသက် ၆၀ နှစ်အရွယ်ရှိ ထော်ကလော်ခီးကျေးရွာသူတစ်ဦးကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ သူတို့ရဲ့ လက်အောက်ခံတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေကြတာကြောင့် KNU-ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ ကြသောင်းဆိပ်ကျေးရွာ(အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ ထော်ကလော်ထာ့ကျေးရွာ၊ ထီးဖဒို့ခီး ကျေးရွာ၊ ကုန်းရွာ၊ လေးခေါ့ထေကျေးရွာတို့က ဒေသခံ ၂၀၀၀ ခန့် နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.