KNU တပ်မဟာ ၃ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်က စစ်အင်အားတိုးချဲ့ နေလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

KNU တပ်မဟာ ၃ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်က စစ်အင်အားတိုးချဲ့ နေလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ဒီဇင်ဘာ ၂၈၊ ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေဖြစ်သော ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီ တပ်တွေက စစ်အင်အားတိုးချဲ့လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို စစ်ရှောင် နေရကြရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေက စစ်အင်အားတိုးချဲ့လာတာကြောင့် မူသယ်အနီးက ကားလမ်းဘေးရွာတွေဖြစ်တဲ့ ပေါ်ဖေါခီး၊ စေးဘောလူ၊ ထီးပနာအေခီး၊ ခယ် ခိုကာနဲ့ သေနွယ်ထာ(ခ)မူသယ် စတဲ့ ကျေးရွာတွေက အိမ်ခြေ ၈၆ လုံးက ပြည်သူ ၅၅၈ ယောက်တို့က ကျေးရွာထဲမှာ မနေရဲတော့ဘဲ ဒီဇင်ဘာ ၂၁ ရက်ကနေစပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က သတင်းထုတ်ပြန်ထားပါတယ်။

စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေက တပ်ရင်းမှူး ရှမ်းလေးအောင် ဦးဆောင်တဲ့ ခလရ-၃၅၁၊ တပ်ရင်း မှူး စိုးဇော်ထွန်း ဦးဆောင်တဲ့ ခလရ ၁၂၄၊ တပ်ရင်းမှူး ထိန်လင်းအောင် ဦးဆောင်တဲ့ ခလရ ၅၈၉၊ တပ်ရင်းမှူး လှိုင်ညို ဦးဆောင်တဲ့ ခလရ ၅၉၈၊ ဦးဆောင်သူ မသိရသေးတဲ့ ခလရ ၄၄၀နဲ့ ဇော်ဇော်နိုင် ဦးဆောင်တဲ့ ခမရ ၇၅ တို့ဖြစ်ပြီးတော့ အဲဒီတပ်ရင်း ၆ ရင်းလုံး ကို ဗျူဟာမှူး မင်းထင်အောင်က ဦးစီးကွပ်ကဲထားပြီး စုစုပေါင်း အင်အား ၄၈၀ လောက်အထိရှိမယ်လို့ KNU က ခန့်မှန်းထားပါ တယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗျူဟာမှူး မင်းထင်အောင်က တပ်ရင်းတွေက ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီးတော့ စားနပ်ရိက္ခာနဲ့ မြင်းတွေ တင်ဆောင်လာတဲ့ ကားအစီး ၃၀ က သံဘိုကနေ မူသယ်ကို ပို့ပြီးတော့ အဲဒီကတဆင့် မူတြော်ခရိုင်ကို ပို့ဆောင်ခဲ့တာပါ။ အဲဒီကား အစီး ၃၀ ထဲက ၁၂ စီးက စားနပ်ရိက္ခာတွေကို တင်လာပြီးတော့ ၁၈ စီးက မြင်းအကောင် ၁၀၀ ခန့်ကို တင်ဆောင်လာတာလည်း ဖြစ်ပါတယ်။

ဒီလို စစ်အင်အားတိုးချဲ့မှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ထိတွေ့မှုတွေဖြစ်ပြီး မူသယ်ဒေသမှာ မကြာခဏ ပစ်ခတ်မှုတွေဖြစ်ပွားနေရတယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
(https://www.facebook.com/KNUHQKTL/posts/1595846970797620 KNU သတင်းထုတ်ပြန်ချက်များကို KNU ၏တရားဝင် လူမှုကွန်ရက်စာမျက်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.