KNU တပ်မဟာ ၃ နယ်မြေအတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းငယ် ၅ ခုကို တိုက်ခိုက်သိမ်းပိုက်

KNU တပ်မဟာ ၃ နယ်မြေအတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းငယ် ၅ ခုကို တိုက်ခိုက်သိမ်းပိုက်
◾️စခန်းငယ်အချို့မှာ အကြမ်းဖက်စစ်တပ်က လက်နက်ချ အညံခံ
ဇူလိုင် ၂ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၃ နယ်မြေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းငယ် ၅ ကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ် က PVTV ကိုပြောပါတယ်။

‘ကြောင်ပြာနဲ့ကျွန်းပင်စိတ်ကိုဝင်သိမ်းတော့ကျန်တဲ့စခန်းတွေကဆုပ်ပြေးသွားတာ’ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

တပ်မဟာ ၃ နယ်မြေထဲက ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်ခွဲရဲ့ အောင်းလောင်းစိန် စစ်ကောင်စီတပ်စခန်းငယ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ တပ်စခန်းထဲက ၇ ဦးက လက်နက်ချ အညံခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ရွာမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လ က်နက်ကြီးတွေနဲ့ ရမ်း သန်းပစ်ခတ်လို့ ဒေသခံ ပြည်သူ သောင်းနဲ့ချီပြီးတော့ စစ်ဘေးရှောင်နေရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.