KNU တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ် ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွား၊ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေ

KNU တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ် ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွား၊ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေ
ဇူလိုင် ၂ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၉၀ ကျော်သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယယ်။

ဇွန်လ ၁ရက်ကနေ ၃၀ရက်အတွင်း ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ် ကောင်စီတပ်၊ ၎င်းရဲ့လက်ပါးစေ နယ်ခြားစောင့်တပ်(BGF) တို့ အကြား တိုက်ပွဲ ၂၂၃ကြိမ်ဖြစ်ခဲ့တယ် လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က ဗိုလ်တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၉၄ဦး သေ ဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်ပို့မြင်းလား ၁၃ကောင်အား ပစ်သတ်ချေမှုန်းနိုင်ခဲ့သလို ထောက်ပို့ ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNLA ဘက်ကလည်း ရဲဘော် ၁ဦး ကျဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး ဒဏ်ရာရခဲ့ကြောင်းအသိပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်ပါးစေ BGF တပ်တို့ဟာ အရပ်သားတွေနေထိုင်ရာနေရာနဲ့ လုပ်ငန်းခွင်နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း KNU တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.