KNU တပ်မဟာ(၅)နယ်မြေမှာ ယခုလဝက်အတွင်း တိုက်ပွဲ ၁၆၇ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၅၄ဦး သေဆုံးခဲ့ဟုထုတ်ပြန်
မတ် ၁၆ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်) ခရိုင်မှာ ယခုလဝက်အတွင်း တိုက်ပွဲ ၁၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၅၄ ဦးသေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁ရက်ကနေ ၁၅ရက်နေ့အတွင်းတိုက်ပွဲသတင်းတွေကိုဖော်ပြခဲ့တာဖြစ်ပြီးအဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်သုံးယာဉ် ၁၂စီး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့သလို စစ်မြင်းလား ၂ကောင်ကို သတ်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင် ၇ ဦး တိုက်ပွဲမှာကျဆုံးခဲ့ပြီး ၁၆ဦးဒဏ်ရာရခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပြည်သူလူထုတွေနေထိုင်ရာနေရတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့လို့ ဒေသခံတွေအသက်ဆုံးရှုံးရတာတွေလည်းရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေအချက်ပေါင်းများစွာပစ်ခတ်ခဲ့သလိုလေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၅ဦးသေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယခုလဝက်အတွင်း တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်တွေလည်းပါဝင်ပါတယ်။မတ်လ ၁၁ရက် တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က၃ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိကာ ၁၆ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီဖြစ်စဉ်မှာ လက်နက်မျိုးစုံ ၂၉လက်နဲ့ခဲယမ်း၊ကျည် အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။