KNU ညောင်လေးပင်ခရိုင်မှာ စက်တင်ဘာလက တိုက်ပွဲ ၇၀ ကျော်ဖြစ်ခဲ့ပြီး တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေ

KNU ညောင်လေးပင်ခရိုင်မှာ စက်တင်ဘာလက တိုက်ပွဲ ၇၀ ကျော်ဖြစ်ခဲ့ပြီး တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေ
အောက်တိုဘာ ၆ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှာ စက်တင်ဘာလ အတွင်းက တိုက်ပွဲ ၇၁ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၈၃ဦး သေဆုံးကာ ၈၆ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) တို့နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

စစ်ကောင်စီတပ်က သေဆုံးသူများအနက် တပ်ရင်းမှူး (၁) ဦး၊ ဒု−ရင်းမှူး (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး၊ ဒု−ဗိုလ်ကြီး (၁) ဦးပါဝင်ခဲ့ ကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲတွေအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ဦး ကျဆုံးခဲ့ကာ ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထု နေထိုင်ရာ ရွာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်တာ၊ လက်နက် ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၃ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃ဦး ဒဏ်ရာရခဲ့ပါတယ်။

ရွာသားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်က မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာကိုလည်း အတင်းအဓမ္မပြောင်းရွှေ့စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.