KNU စီမံအုပ်ချုပ်တဲ့ နယ်မြေအတွင်းမှာ နယ်မြေကျူးကျော်စစ်ပြုလုပ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေ
ဇွန် ၂၇ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံအုပ်ချုပ်တဲ့ နယ်မြေအတွင်းမှာ နယ်မြေကျူးကျော်စစ် ပြုလုပ်လာတဲ့ အကြမ်း ဖက်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီနေ့မနက်မှာလည်း အကြမ်းဖက်စစ်တပ်က နံနက် ၃ နာရီအ ချိန်ကစလို့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။
KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၂၅ နဲ့ ဇွန် ၂၆ ရက်တွေမှာ ထိပ်တိုက်တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
ဇွန် ၂၆ ရက်မှာ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နရွဲပင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့ တာလို့ ဖော်ပြထားပြီး တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲ အပြီးမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ညနေ ၆ နာရီအချိန်မှာပဲ အကြမ်းဖက်စစ်တပ်က လူအင်အားအပြည့်ပါတဲ့ စစ်ကား ၅ စီးကို ညောင်ဝိုင်းကျေးရွာမှာ တပ်စခန်းချမှု တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုပဲ လက်နက်အပြည့်အစုံနဲ့ လူအင်အားအပြည့်နဲ့ ၆ စီးထွက်လာပြီး ငဗြက်အင်းကျေးရွာကို ဝင်ရောက် တပ်ချထားမှုတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ(၂၅)ရက် နံနက်(၇)နာရီအချိန်မှာ ငဗြက်အင်းကျေးရွာနဲ့ အင်းနက်ကျေးရွာကြားမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွေကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ စစ်ကောင်စီခန့် နတ်သံကွင်းမြို့ အုပ်ချုပ်ရေးမှူးသန်းလွင် အပါအဝင်(၁၄)ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးချိန် မှာ အကြမ်းဖက်စစ်တပ်က အင်းနက်ကျေးရွာအုပ်စုရဲ့ ကျေးရွာတွေအတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ ပစ် ခတ်ခဲ့ပါတယ်။
အဲဒီနေ့ ညနေ(၅)နာရီခန့်အချိန်မှာ KNU -ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာအရှေ့ဘက်မှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့ပါတယ်။
ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ(၅)နာရီ (၅၀)မိနစ်ခန့်မှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ရန်မျိုးအောင်ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ရန်မျိုးအောင်ရွာက ယခင် ညောင်လေးပင် ခရိုင်အတွင်း ဖြတ်လေးဖြတ်ကာလမှာ စစ်တပ်ရဲ့ ဘေးပတ်ဝန်းကျင်ရွာတွေကို အတင်းအဓမ္မ ပြောင်းရွေ့စုစည်း နေထိုင်စေခဲ့တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။
ဇွန်လ(၂၅)ရက်နေ့နဲ့ (၂၆)ရက်နေ့ ၂ ရက်အတွင်းမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ စုစုပေါင်း(၁၉)ဦးသေဆုံးကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်မှ ထိခိုက်သေဆုံးမှုမရှိဘူးလို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာ ကြောင့် နောင်ကုန်း၊ ရန်မျိုးအောင်၊ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကျွတ်ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း စသည့်ကျေးရွာပေါင်း (၁၂)မှ အိမ်ခြေ (၁၈၈၇)လုံးနဲ့ လူဦးရေ (၁၀၅၂၆)ဦးတို့ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီလို ပစ်ခတ်မှုကြောင့် ပြည်သူလူထု(၅)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူလူထုရဲ့နေအိမ်တွေ၊ ကျေးရွာအဆောက်အဦး တွေ၊ ဘာသာရေးအဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စစ်ရှောင်ပြည်သူတွေကို KNU နဲ့ ဒေသခံ ကရင်အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ကယ်ဆယ်နေရာ ချထားတာ၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်တာတွေ ပြုလုပ်ပေးနေတယ်လို့လည်းဖော်ပြထား တာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။