KNLA တပ်မဟာ(၅)ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်ပါးစေ BGF တပ်ဖွဲ့ဝင် ၇ဦးသေ

KNLA တပ်မဟာ(၅)ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်ပါးစေ BGF တပ်ဖွဲ့ဝင် ၇ဦးသေ
◾️ကားပေါ်ပါ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိ
ဇူလိုင် ၅ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတ ပ်မတော် (KNU/KNLA) တပ်မဟာ(၅)နယ် မြေအ တွင်း လက်နက်နဲ့ တပ်အ င်အားဖြည့်တင်းဖို့ လာတဲ့ မော်တော်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီလက်ပါးစေ နယ်ခြား စောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၇ ဦးလုံး သေဆုံးသွားကြောင်း တပ်မ ဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ရက်က ဖာပွန်ခရိုင် ကမမောင်းမှ ကတိုင်တိဘက်သို့ မောင်းနှင်လာသည့် BGF တပ်(၁၀၁၃) တပ်ဖွဲ့ဝင်များ၏ ယာဉ်ကို ကြားဖြတ်တို က်ခိုက်ခဲ့ရာယာဉ်ပေါ်ရှိ BGF တ ပ်သား ၇ဦးလုံးသေဆုံးသွား သည်သာမက မော်တော်ကားပေါ် တင်ဆောင်လာတဲ့ လ က်နက်ခဲယမ်းအားလုံး သိမ်း ဆည်းရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

အဲဒီ BGF တပ်ရဲ့ မော်တော်ကားကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၅) အနေနဲ့ ၎င်းတို့ ဒေသတွင်း ရှိ စစ်ကောင်စီတပ်စခန်းတွေ၊ စ စ်ကြောင်းတွေ ၊ စစ်ယာဉ်တန်းတွေကို မကြာခဏ တိုက်ခိုက်လျက်ရှိပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.