KNDF/ B-04 နဲ့ KNDF/ B-08 တို့ စစ်ကောင်စီတပ်စခန်း ခမရ (၄၂၈) ကို တိုက်ခိုက်ခဲ့
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂
KNDF/ B-04 နဲ့ KNDF/ B-08 တို့ ပူးပေါင်းပြီး ဖရူဆိုမြို့က စစ်ကောင်စီတပ်စခန်း ခမရ (၄၂၈) ဂိတ်ကို မနေ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF/ B-04 က ထုတ်ပြန်ပါတယ်။
တိုက်ပွဲက နေ့လည် ၂ နာရီကနေ ၃ နာရီဝန်းကျင်လောက်အထိ မိနစ် ၅၀ ဖြစ်ပွားခဲ့ရာ KNDF တပ်ဖွဲ့ ၂ ခုဘက်က စနိုက်ဘာ ၄ ချက်၊ လက်နက်ကြီးနဲ့ စွပ်ဗုံးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်က အနည်းဆုံး ၂ ယောက် ကျဆုံး နိုင်ကြောင်းနဲ့ အများအပြား ဒဏ်ရာရနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ တော်တော်များများပြန်လည်ပစ်ခတ်ခဲ့တာကြောင့် KNDF တပ်ဖွဲ့၂ ဖွဲ့က ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။