KIA ၊ PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြား ဗန်းမောက်တောင်ပိုင်းမှာ ၂ ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့
ဇူလိုင် ၁၄ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့တောင်ပိုင်းမှာ KIA ၊ PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တွေအကြား ၂ ရ က်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေ ရှိတယ် လို့ Banmauk Revolution က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက ကော်တရွာအနား ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဗန်းမောက်တောင်ပိုင်းဖြစ်တဲ့ ကော်တာရွာမှာ ဇူလိုင် ၁၂ ရက်ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ၅ ယောက်သေပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုထားပါတယ်။
ဇူလိုင် ၁၃ ရက်မှာ ဒယူးရွာအနီး သက်ကယ်တောင်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ကျဆုံးစာ ရင်းကိုတော့ မသိရသေးဘူးလို့ Banmauk Revolution က ဆိုထားပါတယ်။
Banmauk Revolution က တော့ အကြမ်းဖက်စစ်တပ်တွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သွားလာရမှာ အထူးဂရု စိုက်ဖို့အတွက် သတိပေးထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။