Kaung For You ကျောင်းရဲ့ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူပြီး ဖမ်းဆီးခြိမ်းခြောက် ငွေ လိမ်လည်တာတွေကို စုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုရရှိစေရေး ဆောင်ရွက်သွားမယ်လို့ NUG ပညာရေး ဝန်ကြီး ဌာနထုတ်ပြန်
ဇူလိုင် ၁၇ ၂၀၂၂
Kaung For You ကျောင်းရဲ့ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူပြီး ဆရာ၊ ဆရာမတွေ ကျောင်းသားမိဘတွေ ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေလိမ် လည်ခြင်းပြုလုပ်နေတာတွေကို စုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုရရှိစေရေး ဆောင်ရွက်သွား မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
ဆရာ၊ ဆရာမတွေကို မတရားဖမ်းဆီးခြင်းဟာ ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကလေးသူငယ်များ စဉ်ဆက် မပြတ် ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကြားကာလပညာရေး ဖော်ဆောင်နေတဲ့ ကျောင်းတွေကို ဖျက်ဆီး ဖို့ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီးတော့ Kaung For You ကျောင်းရဲ့ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူပြီး ဆရာ၊ ဆရာမတွေ ကျောင်းသားမိဘတွေ ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးချုပ် နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေလိမ် လည်ခြင်းပြုလုပ်နေတာတွေကို စုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုရ ရှိစေ ရေး ဆောင်ရွက်သွားမယ်လို့ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအခွင့်အရေးတွေကို ဖော်ပြထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာချက်စာတမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ကလေး သူငယ်အခွင့်အရေးဆိုင် ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နဲ့ ပြည်တွင်းဥပဒေဖြစတဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်း ဖြစ်တယ်လို့လည်းဖော်ပြ ထားပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ Kaung For You ကျောင်း အချက်အလက်ပေါက်ကြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျောင်းအပ်နှံထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးနဲ့ အဖမ်းခံရတဲ့ ဆရာ၊ ဆရာမတွေနဲ့ပါတ်သက်ပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေး မှာဖြစ်ပြီး ခြိမ်းခြောက်ငွေညှစ် တောင်းခံခြင်း ခံခဲ့ရတဲ့ ပြည်သူတွေ အနေနဲ့လည်းတိုင်ကြားနိုင်ဖို့နဲ့ အရေးယူ ဆောင် ရွက်နိုင်ဖို့ (Complaint Mechanism) hotline channel တွေကိုလည်း ပြန်လည်အသိပေးသွားမှာဖြစ် ကြောင်းနဲ့ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ကလေးတွေအတွက်လည်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု အစီအစဉ်တွေကို(Counseling Service) လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။