IPEM IQY Education Group နဲ့ပတ်သက်ပြီး မည်သည့်ကိစ္စမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ပညာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

IPEM IQY Education Group နဲ့ပတ်သက်ပြီး မည်သည့်ကိစ္စမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ပညာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
ဇန်နဝါရီ ၇ ၊ ၂၀၂၂

IPEM IQY Education Group နဲ့ပတ်သက်ပြီး မည်သည့်ကိစ္စမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိဘူးဆိုတာနဲ့ ယင်းတို့ဘက်က ထပ်မံ ပြီးတော့ ဖောက်ဖျက်မှုတွေရှိလာရင် အရေးယူဆောင်ရွက်မှုတွေလုပ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

IPEM IQY Education Group ရဲ့ ရေးသားဖော်ပြချက်တွေက တက္ကသိုလ်ကောင်စီအချင်းချင်းကြားနဲ့ တက္ကသိုလ်ကောင်စီတွေနဲ့ ဝန်ကြီးဌာနအကြား မလိုလားအပ်တဲ့ နားလည်မှုလွဲမှားတာတွေဖြစ်ပေါ်စေတဲ့အပြင် ဆက်လက်လုပ်ဆောင်ရမယ့် ပညာရပ်ပိုင်း ဆိုင်ရာ လုပ်ငန်းတွေမှာ အဟန့်အတားဖြစ်စေနိုင်လို့ IPEM IQY Education Group ရဲ့ တာဝန်ရှိသူတွေနဲ့ ယင်းအဖွဲ့အစည်းကို ပညာ ရေးဝန်ကြီးဌာနရဲ့ အမည်နဲ့ တက္ကသိုလ်တွေရဲ့ လုပ်ပိုင်ခွင့်အပေါ်ကျော်လွန်တဲ့ အမည်အလွဲသုံးစားကိစ္စတွေ လုံးဝ(လုံးဝ) မပြုလုပ်ဖို့ နောက်ဆုံးအကြိမ်သတိပေးကြောင်းလည်း ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

IPEM IQY Education Group ရဲ့ Facebook စာမျက်နှာပေါ်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ပညာရေးဝန်ကြီးဌာန စီစဉ်မှုနဲ့ ဆိုပြီး IPEM Technological University/ The institution of Professional Engineers Myanmar နဲ့ Technological University Interim Administrative Committees တွေ zoom meeting ပြုလုပ်ကြောင်း၊ မန္တလေးနည်းပညာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွေက တက္ကသိုလ်ကောင်စီများ တက်ရောက်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ကောင်စီတွေရဲ့ တင်ပြချက်အရ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ယာယီတက္ကသိုလ် ကောင်စီကသာ စီစဉ်ပြီး ကောင်စီရဲ့ စီမံခန့်ခွဲခွင့်အရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ကျန်ကောင်စီတွေ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလပညာရေး အစီအစဉ်တွေအပါအဝင် တက္ကသိုလ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ဆောင်ရွက်ရာမှာ သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီတွေရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲအုပ်ချုပ်ခွင့်(University Autonomy) ကို အလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.