ICJ အနေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် အဖြစ်လက်ခံဖို့ အမျိုး သားညီညွတ်ရေးအစိုးရက တောင်းဆို၊ ဦးကျော်မိုးထွန်းက တရားရုံးမှာ ကနဦးကန့်ကွာလွာ ကိုပြန်ရုတ်သိမ်းပြီး တရားစီရင်ခွင့်အာဏာကို လက်ခံတယ်လို့ ICJ ကို အကြောင်းပြန်ထား
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၂
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံ အမတ်ကြီးဦးကျော်မိုးထွန်းကို တရားရုံးအတွက် မြန်မာနိုင်ငံဆိုင်ရာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ်လက်ခံ ကြောင်း ရှင်းလင်းပြောကြားပေးဖို့အတွက် တောင်းဆိုကြောင်း ဒီနေ့ရက်စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ ဂမ်ဘီယာနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးက ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ မြန်မာ နိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ကြားနာမှုတစ်ခုပြုလုပ်ဖို့ စီစဉ်ထားတဲ့အပေါ်မှာ မြန်မာနိုင်ငံကိုယ် စားပြုမှုအဖြစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရသာဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သိစေအပ်တဲ့အ ကြောင်း ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ လက်ခံမယ်ဆိုပါက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ရပ်တည်ချက်သဘောထားတွေနဲ့ ညီညွတ်မှုမရှိဘဲ အန္တရာယ်ရှိတဲ့ အစဉ်အလာ တစ်ရပ်ကို ချမှတ်ပေးသလိုဖြစ်မယ်လို့ ဆိုထားပါတယ်။ ဗျူရိုကရေစီယန္တရားရဲ့ မဖြစ်သင့်တဲ့ လွဲမှားဆောင် ရွက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးက စစ်တပ်ထိန်းချုပ်ထားတဲ့ တရားမဝင်တဲ့ ဘရပ်ဆယ်လ်မြို့က သံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။
တရားရုံးဆိုင်ရာ ကိုယ်စားလှယ် (agent)နဲ့ ကိုယ်ခွဲကိုယ်စားလှယ် (Alternate agent) တို့ကို စစ်တပ်က တရားဥပဒေနဲ့ အညီမဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ကိုယ်စားပြုသူဖြစ်တယ်လို့ တရားရုံးကိုဆက်သွယ်အသိပေးထားပြီးဖြစ်တယ် လို့ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း သံအမတ်ကြီးကနေတဆင့် မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်ချက် (preliminary objection) ကို ပြန်လည်ရုတ်သိမ်းပြီး တရားရုံးရဲ့ တရားစီရင်မှု အခွင့်အာဏာကိုလက်ခံတယ်ဆို ပြီး အကြောင်းပြန်ထားတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှတဆင့် မြန်မာနိုင်ငံ အနေဖြင့် ကနဦးကန့်ကွက်ချက် (preliminary objection) အား ပြန်လည်ရုတ်သိမ်းပြီး တရားရုံး၏ တရားစီရင်မှု အခွင့်အာဏာကို လက်ခံကြောင်း တရားရုံးသို့ အကြောင်းပြန်ခဲ့ပြီး ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်တပ်ရဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေအပေါ် တာဝန်ယူ၊ တာဝန်ခံမှုရဲ့ အရေးကြီးပုံကို ထပ်ခါတလဲလဲ အလေးထားဖေါ်ပြထားနေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကို အချက်အလက်တွေ စုဆောင်း ကောက်ယူ ပေးပို့တာနဲ့ ၂၀၀၂ ခုနှစ် ဇူလိုင်လက စတင်ပြီး ရောမစာချုပ် (Rome Statute) အရ အကြုံးဝင်တဲ့ မြန်မာပြည်အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်မှု အခွင့်အာဏာကို လက်ခံခွင့်ပြုတာအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တာဝန်ယူ၊ တာဝန်ခံမှုတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။