G 7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ မြန်မာပြည်သူတွေကို ပေးထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော် ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောကြား
ဇွန် ၂၇ ၊ ၂၀၂၂
ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G 7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ ပြီးခဲတဲ့နှစ်က မြန်မာပြည်သူတွေအပေါ် ပေးထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပေးဖို့ အရေးကြီးတဲ့ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရက ဇွန် ၂၆ ရက်စွဲနဲ့ ကြေညာ ချက်ထုတ် ပြန်ပြောကြားလိုက်ပါတယ်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက အကြမ်း ဖက်စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းမှု၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အကြမ်းဖက် စစ်တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တည်ငြိမ်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီးဖော်ဆောင်နိုင်ရေးနဲ့ ထိခိုက်လွယ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေ မြန်မာပြည်သူတွေအတွက် ချုပ်နှောင်မှုမရှိတဲ့ လူသားချင်း စာနာထော က်ထားမှုတွေ အပြည့်အဝရရှိရေးတို့အပေါ် G7 တို့ကိုယ်တိုင် ကတိကဝတ်ပြုခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါအပြင် G7 အဖွဲ့ဝင်နိုင်ငံတွေက လိုအပ်ပါက “ထပ်တိုးအစီအမံများ” ကို ချမှတ်ဆောင်ရွက်နိုင်ရန်ကိုလည်း ဘုံကတိကဝတ်ပြုခဲ့ကြတာပါ။
ယူကေမှာ ယမန်နှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာ တဲ့တိုင် အကြမ်းဖက်စစ်အုပ်စုရဲ့ အပြစ်မဲ့မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေက ဖြစ်ပွားနေ ဆဲလို့ ဖော်ပြထားသလို အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေထဲ ပေးအပ်မဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း အကြမ်းဖက်စစ်တပ်က ငြင်းပယ်ထားရုံသာမက ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိုလည်း ပြင်းပြင်းထန်ထန်ဖောက်ဖျက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်တွေကလည်း ငတ်မွတ်ခေါင်းပါးမှုကို စစ်လက်နက်တစ်ခုအဖြစ် ပြည်သူတစ်ရပ် လုံးအပေါ် အသုံးချနေတယ်လို့ ထောက်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့ အစည်း အဝေးတက်ရောက်ဖို့ ဖိတ်ကြားခံထားသူတွေ အားလုံးကို တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေရတဲ့ ကြီးမားလှတဲ့ လူသားချင်းစာနာမှုထောက်ထားမှုနဲ့ စီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကပ်ဆိုးများအပေါ် အထူးအလေးအနက်ထား ဆွေးနွေးဆောင်ရွက်ပေးပါရန် တိုက်တွန်း ထားပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုထံ နိုင်ငံခြားငွေတွေစီးဆင်းနေမှုကို ကန့်သတ်ရန်အတွက် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်နိုင်တဲ့ အခွင့်အာဏာရှိနေတယ်လို့ ဖော်ပြထားသလို အကြမ်းဖက်စစ်အုပ်စုရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျုးလွန်လျက်ရှိတဲ့ လူသတ်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့ အခြားနိုင်ငံတွေရဲ့ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေအနေနဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထပ်တိုးအစီအမံတွေ ဆောင်ရွက်ဖို့ ကတိကဝတ်များချမှတ်ရေးနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်မှ မလွတ်လပ်မှုရရှိရေး ကြိုးပမ်းနေမှုတွေကို ပံ့ပိုးကူညီပေးဖို့အတွက် မျှော်လင့်ထားတယ်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။