Freedom from Fear…

Freedom from Fear
အဓမ္မကို တွန်းလှန်နိုင်ဖို့ မတရားမှုကို ငြင်းဆန်နိုင်ဖို့ စိတ်ဓါတ်တွေ မယိမ်းယိုင်စေဖို့
သတ္တိသွေးတွေ နှလုံးသားထဲမှာမွေး
#SpringRevolution
#PVTV

Like – 5.3K Share – 292

Public Voice Television Facebook

Add your reaction

  1. အရေးတော်ပုံအောင်နေပီ
    ပြည်သူတွေထက်ပီးညီညွတ်ကြပါ
    တောင့်ပီးဆပ်လုတ်ရင်အောင်မြင်နေပြီ

  2. NUG ကတော့ D-day ကြေငြာမယ် ဘာမယ်နဲ့ ပြောနေတာပဲ …စစ်ခွေးတွေကတော့ ပြည်သူတွေအပေါ် နေ့တိုင်း D-day အဖြစ်သတ်မှတ်ပြီးသတ်ပြီးရင်းသတ်နေလေရဲ့။ D-day (Death day)

    ဒီပဲယင်းတစ်မြို့နယ်ထဲမှာတင် ပြည်သူအယောက် (၂၀)ကျော် သေဆုံးကြောင်း သတင်းအတိအကျပဲ။ကျန်မြို့နယ်တွေလည်းရှိမှာပဲ။

    အဲ့တော့ NUG ကိုပြောချင်တာက D -day ဆိုတာက တကယ်ကောကြေငြာပေးမှာလား…?တကယ်ကောဖြစ်လာမှာလား…?
    ခန့်မှန်းခြေ(အတိအကျမဟုတ်)ဘယ်လောက်လောက်ကြာနိုင်လဲ…?
    စစ်ခွေးတွေရဲ့ထိုးစစ်ကို ခုခံတုန့်ပြန်ဖို့ဘာ အစီစဉ်တွေဆွဲထားလဲ…?
    D-day ဆိုတဲ့ဂျင်းစကားကြီးရဲ့အောက်မှာ ကျနော်တို့ အနာဂတ်ကြယ်ပွင့်လေးတွေ ဘယ်လောက်တောင်ပေးဆပ်နေရဦးမှာလဲ…?
    မောင်းပြန်သေနတ်တွေကို တူမီးနဲ့ ခံပြစ်နေရတာ ပွဲက မျှတမနေဘူးရယ် အခုဆိုမိုးတွေကရွာ တူမီးက ဘာမှလုပ်မရတော့ဘူး။
    အခုပြည်သူတွေအပစ်သတ်ခံနေရတယ် နေ့စဉ်နဲ့အမျှ ဘယ်သူ့ကိုအဖေခေါ်ရမလဲ…?

    ဒီနေ့ ဒီပဲယင်းဖြစ်စဉ် NUG က လူတွေသိကြပါသလားလို့ပဲ မေးချင်တယ်။

    ဒီပဲယင်းမှာ ဘာတွေဖြစ်နေလဲ…?ဒီပဲယင်းကပြည်သူတွေ တောကြုံအုံကြားမှာ မိုးရွာကြီးထဲမှာပြေးနေရရှာတယ်။အမှောင်ထဲမှာပြေးနေရတာနော်…လက်နှိပ်မီးမသုံးရဲဘူး စစ်ခွေးတွေကတောနင်းပြီးရှာနေလို့။

    အခုအချိန်အထိ အလောင်းတွေလိုက်ရှာနေရတုန်း အတည်ပြုလို့မရတဲ့ အလောင်းတွေရှိသေးတယ်။ဘယ် ဆယ်လီကမှ စပိကောက် ဆိုလား ဘာလား ဘာတစ်ခုမှလုပ်မပေးကြဘူး။ဘယ်သတင်းဌာနကမှ အပူတပြင်းမေးမြန်းသတင်းမယူကြဘူး။

    မန်းလေးဖြစ်တုန်းက စပိကောက်လိုက်ကြတာ… မန်းလေးစပိကောက်လုပ်ပေးတာကိုအပြစ်မပြောဘူး မနာလိုလည်းမရှိဘူး။
    အခုဒီပဲယင်းကျတော့ ဘာလို့လဲ…?ဒီပဲယင်းကပြည်သူတွေက ဘာတွေမို့လဲ…?ခင်များတို့တွေ မြင်စေချင်တယ်ဗျာ😢😢

    ဒီပဲယင်းသားတွေ အားတင်းထားကြပါ။ခင်ဗျားတို့အတွက် ဘယ်သူကမှ ဘာမှလုပ်မပေးနိုင်ပေမဲ့ ကျုပ်တို့ဒီပဲယင်းသားအချင်းချင်း ကူညီမယ်။ခင်များတို့ကျုပ်တို့က မျက်နှာမွဲ အညတရ မြို့သူမြို့သားတွေပါ။

    ဘယ်သူမှ အားမပေးလည်း ငါ့တို့ကိုယ်ငါတို့ အားပေးကြမယ်….

    #အားတင်းထားပါဒီပဲယင်း

    #အရေးတော်ပုံအောင်ရမည်

  3. ချစ်မေမေပြော်သလိူပေါ့စည်းစည်းလုံးလုံးညီညီညွတ်ညွတ်လုပ်ကြရင်အောင်မြင်မူပန်းတိုင်ဆိုတာရောက်မှာမလွဲဧကန်ပါဘဲရှင်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.