Foodpanda ပို့ဆောင်သူတွေရဲ့ အလုပ်သမားသပိတ်ကို ထောက်ခံတဲ့အနေနဲ့ Foodpanda ဝန်ဆောင်မှုကို အသုံးမပြု ကြဖို့အတွက် GSC တိုက်တွန်း
ဇူလိုင် ၅ ၊ ၂၀၂၂
ကုမ္ပဏီက Foodpanda ပို့ဆောင်သူတွေရဲ့ အလုပ်သမားသပိတ်ကို ထောက်ခံတဲ့အနေနဲ့ Foodpanda ဝန်ဆောင်မှုကို အသုံးမပြု ကြဖို့အတွက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က တိုက်တွန်းပြော ကြားလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ ဇူလိုင် ၆ ရက်ဆိုရင် ဒုတိယအကြိမ် အလုပ်မဆင်းသပိတ်တိုက်ပွဲက တလတင်းတင်းပြည့်မှာဖြစ်တယ် လို့ ဖော်ပြထားသလို Foodpanda ရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ၊ လုပ်အားခ ခေါင်းပုံဖြတ်မှုတွေက အလုပ်မဆင်းသပိတ်တိုက်ပွဲ ပေါ်ပေါက်လာတဲ့ အခြေခံအကြောင်းအရင်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သပိတ်မှာ ထောက်ခံဝန်းရံကြသူတွေအနေနဲ့ Foodpandaဝန်ဆောင်မှုတွေ အသုံးမပြုတာ၊ Foodpanda Application ကို မိမိတို့ရဲ့ mobile devices တွေကနေ အပြီးတိုင်ပယ်ဖျက်ရှင်းလင်းတာတွေ လုပ်ဆောင်ပေးကြဖို့အတွက် GSC က ပန် ကြားထားတာ တွေ့ရပါတယ်။
လက်ရှိမှာ Foodpanda မှ ပို့ဆောင်သူတွေက ‘စားသုံးသူ လုံးဝမရှိရေးလှုပ်ရှားမှု(Zero Customer Campaign) ပြုလုပ် နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အနေနဲ့ Foodpanda အလုပ်သမားတွေရဲ့ အလုပ် မဆင်း သပိတ်တိုက်ပွဲအောင်မြင်ဖို့အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ပေးကြဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။