Facebook (ခ) Meta ကစစ်တပ်နဲ့ဆက်စပ်နေတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို ဖယ်ရှားမယ်လို့ ကြေညာပြီး ၂၄ နာရီအတွင်း Mytel Myanmar Facebook Page ဖြုတ်ချခံရ

Facebook (ခ) Meta ကစစ်တပ်နဲ့ဆက်စပ်နေတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို ဖယ်ရှားမယ်လို့ ကြေညာပြီး ၂၄ နာရီအတွင်း Mytel Myanmar Facebook Page ဖြုတ်ချခံရ

ဒီဇင်ဘာ ၈၊ ၂၀၂၁

ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ဗီယက်နမ်စစ်တပ်Viettel ကုမ္မဏီတို့ ပူးပေါင်းလုပ်ဆောင်တဲ့ Mytel Myanmar Facebook Page ကို Facebook (ခ) Meta က ဖယ်ရှားလိုက်ပါတယ်။

တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Mytel Myanmar လူမှုကွန်ယက်စာမျက်နှာကို မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း စာမျက်နှာများ၊ ဂရု(ဖ်)နဲ့ အကောင့်များ ဖယ်ရှားမှုကို တိုးမြှင့်လုပ်ဆောင်မယ်လို့ Meta က ထုတ်ပြန်ကြေညာပြီးနောက် Mytel Myanmar Page ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။ အခုဖြုတ်လိုက်တဲ့ Mytel Myanmar က Like လုပ်ထားသူ သန်းနဲ့ ချီပြီးရှိနေတဲ့ Page ပါ။

Facebook ကုမ္ပဏီထုတ်ပြန်ချက်ထဲမှာတော့ ဘယ်လို လုပ်ငန်းအမျိုးအစားမျိုးကို ဖယ်ရှားမယ်ဆိုတာ တိတိကျကျ ဖော်ပြထားတာမရှိပေမယ့် စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတော်တော်များရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို ဖယ်ရှားဖို့ရှိနေတာဖြစ်ပြီး အခု Mytel Myanmar Page ကတော့ ပထမဆုံးဖယ်ရှားခံရတာဖြစ်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.